Quran with Burmese translation - Surah Al-Anfal ayat 6 - الأنفَال - Page - Juz 9
﴿يُجَٰدِلُونَكَ فِي ٱلۡحَقِّ بَعۡدَ مَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلۡمَوۡتِ وَهُمۡ يَنظُرُونَ ﴾
[الأنفَال: 6]
﴿يجادلونك في الحق بعد ما تبين كأنما يساقون إلى الموت وهم ينظرون﴾ [الأنفَال: 6]
Ba Sein ၆။ မျက်ဝါးထင်ထင်မြင်ရသော သေဘေးထဲမှ မောင်းသွင်းခြင်းခံကြရသကဲ့သို့ သူတို့သည် သစ္စာတရား တော်ကို ထင်ရှားစေတော်မူပြီးသော်လည်း တရားတော်နှင့်ပတ်သက်၍ သင်နှင့် အငြင်းအခုံ အချေအတင် ပြောဆိုကြ၏။ |
Ghazi Mohammad Hashim ၎င်းတို့သည် မှန်ကန်သော အကြောင်းတရားနှင့်စပ်လျဉ်း၍ ထိုမှန်ကန်သောအကြောင်းတရားသည် ထင်ရှားခဲ့ပြီးနောက် မိမိတို့သည် သေရာသို့မောင်းနှင်ခြင်းခံရ၍(မရဏသေခြင်းတရားကို မျက်ဝါးထင်ထင်) မြင်နေကြရဘိသကဲ့သို့ပင် အသင်နှင့် စကားငြင်းခုံ ပြောဆိုခဲ့ကြကုန်သတည်း။ |
Hashim Tin Myint သူတို့သည် အမှန်တရားနှင့် ပတ်သက်၍ ထိုအမှန်တရားသည် ထင်ရှားခဲ့ပြီးနောက် သူတို့သည် သေခြင်းကို မြင်နေရလျက် သေခြင်းဘက်သို့ မောင်းနှင်ခံရသကဲ့သို့ အသင်နှင့် ငြင်းခုံခဲ့ကြသေးသည်။ |