×

ထိုမျှမက၊ အလ္လာဟ်အရှင်မြတ်သည် (မဒီနာမြို့ဘက်သို့ ချဉ်းကပ်လာနေသည့် ကုရ်အိုရှ်အုပ်စုနှင့်မက္ကာမှ မယုံကြည်သူတို့၏စစ်တပ်များဖြစ်ကြသော) အုပ်စုနှစ်ခုအနက် တစ်ခုသည် (သင်တို့လက်တွင်းသို့ ကျရောက်စေ၍) သင်တို့အတွက် ဖြစ်စေတော်မူလိမ့်မည်။” 8:7 Burmese translation

Quran infoBurmeseSurah Al-Anfal ⮕ (8:7) ayat 7 in Burmese

8:7 Surah Al-Anfal ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah Al-Anfal ayat 7 - الأنفَال - Page - Juz 9

﴿وَإِذۡ يَعِدُكُمُ ٱللَّهُ إِحۡدَى ٱلطَّآئِفَتَيۡنِ أَنَّهَا لَكُمۡ وَتَوَدُّونَ أَنَّ غَيۡرَ ذَاتِ ٱلشَّوۡكَةِ تَكُونُ لَكُمۡ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلۡحَقَّ بِكَلِمَٰتِهِۦ وَيَقۡطَعَ دَابِرَ ٱلۡكَٰفِرِينَ ﴾
[الأنفَال: 7]

ထိုမျှမက၊ အလ္လာဟ်အရှင်မြတ်သည် (မဒီနာမြို့ဘက်သို့ ချဉ်းကပ်လာနေသည့် ကုရ်အိုရှ်အုပ်စုနှင့်မက္ကာမှ မယုံကြည်သူတို့၏စစ်တပ်များဖြစ်ကြသော) အုပ်စုနှစ်ခုအနက် တစ်ခုသည် (သင်တို့လက်တွင်းသို့ ကျရောက်စေ၍) သင်တို့အတွက် ဖြစ်စေတော်မူလိမ့်မည်။” ဟု ကတိပေး မိန့်တော်မူခဲ့စဉ်လည်း သင်တို့က သင်တို့အတွက် လက်နက်တပ်ဆင်ထားခြင်းမရှိသည့် အုပ်စုကိုသာ မျှော်လင့်တောင့်တခဲ့ကြသည်။ စင်စစ်မူကား အလ္လာဟ်အရှင် မြတ်သည် အရှင့်ဗျာဒိတ်တော်အားဖြင့် အမှန်တရားသစ္စာကို တိကျမှန်ကန်တည်တံ့ကြောင်း ထင်ရှားစေရန်နှင့် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏သွေး ကြောနှင့်အခြေအမြစ် (များဖြစ်ကြသည့် အာခံဖီဆန်သော ခေါင်းဆောင်) များကို ဖြတ်တောက်ပစ်တော်မူရန် ရည်ရွယ်တော်မူခဲ့၏။

❮ Previous Next ❯

ترجمة: وإذ يعدكم الله إحدى الطائفتين أنها لكم وتودون أن غير ذات الشوكة, باللغة البورمية

﴿وإذ يعدكم الله إحدى الطائفتين أنها لكم وتودون أن غير ذات الشوكة﴾ [الأنفَال: 7]

Ba Sein
၇။ ရန်သူအသင်းနှစ်သင်းမှ တစ်သင်းကို သင်တို့သိမ်းပိုက်ရမည်ဟု အလ္လာဟ်အသျှင်မြတ်သည် ဂတိ ပေးတော်မူသောအခါ သင်တို့သည် လက်နက်ကိုင်အသင်းမဟုတ်သည့်အသင်းကို ရလိုကြ၏။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ဗျာဒိတ်စကားတော်အားဖြင့် သစ္စာတရားတော်ကို အောင်မြင်စေ တော်မူမည်။ မိစ္ဆာဒိဌိတို့ကို အပြစ်မှဖြတ်ပစ်တော်မူမည်ဟု ဆုံးဖြတ်တော်မူပြီ။
Ghazi Mohammad Hashim
၎င်းပြင် (ပြန်လည်၍ သတိရကြ လေကုန်)အကြင် အခါဝယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအုပ်စုနှစ်စုအနက် တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည်အသင် တို့၏လက်တွင်းသို့ အမှန်ပင်ကျရောက်လိမ့်မည်ဟုကတိပြုလျက် ရှိတော်မူခဲ့လေသည်။ သို့ရာတွင် အသင်တို့မူကားဆူးငြောင့် (ဝါ) လက်နက်မပါသော အုပ်စုသည်သာလျှင် မိမိတို့လက်တွင်းသို့ ကျရောက်ရန် မျှော်ခေါ်တောင့်တလျက်ရှိကြကုန်၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိအမိန့်တော်များဖြင့် ထင်ရှားတော်မူရန်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏အခြေအမြစ်ကို (လုံးဝ) ဖြတ်တောက်ပစ်တော်မူရန် လည်းကောင်း၊ ရည်စူးတော်မူချေသတည်း။
Hashim Tin Myint
ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အုပ်စုနှစ်စုထဲမှ တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည် အသင်တို့၏လက်တွင်းသို့ အမှန်ပင် ကျ‌ရောက်လိမ့်မည်ဟု ကတိပြု‌တော်မူသည်။ ထို့‌နောက် အသင်တို့ကမူ ဆူး‌ငြောင့်(လက်နက်)မပါ‌သောအုပ်စုကိုသာ အသင်တို့၏လက်တွင်းသို့ ကျ‌ရောက်ရန် ‌မျှော်လင့်‌တောင့်တကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အမိန့်‌တော်များ အ‌ကြောင်းခံဖြင့် အမှန်တရားကို ထင်ရှား‌စေရန်အတွက်နှင့် ငြင်းပယ်သူများ၏ အ‌ခြေအမြစ်ကို ဖြတ်‌တောက်ပစ်‌တော်မူရန်အတွက်* ရည်ရွယ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek