Quran with Burmese translation - Surah Al-Anfal ayat 60 - الأنفَال - Page - Juz 10
﴿وَأَعِدُّواْ لَهُم مَّا ٱسۡتَطَعۡتُم مِّن قُوَّةٖ وَمِن رِّبَاطِ ٱلۡخَيۡلِ تُرۡهِبُونَ بِهِۦ عَدُوَّ ٱللَّهِ وَعَدُوَّكُمۡ وَءَاخَرِينَ مِن دُونِهِمۡ لَا تَعۡلَمُونَهُمُ ٱللَّهُ يَعۡلَمُهُمۡۚ وَمَا تُنفِقُواْ مِن شَيۡءٖ فِي سَبِيلِ ٱللَّهِ يُوَفَّ إِلَيۡكُمۡ وَأَنتُمۡ لَا تُظۡلَمُونَ ﴾
[الأنفَال: 60]
﴿وأعدوا لهم ما استطعتم من قوة ومن رباط الخيل ترهبون به عدو﴾ [الأنفَال: 60]
Ba Sein ၆ဝ။ သင်သည် မိမိ၏လက်နက်ကိုင်တပ်သားများနှင့် မြင်းတပ်ကို အသင့်ပြင်ဆင်ထားလော့။ သို့မှသာ သင်သည် အလ္လာဟ်စူအသျှင်မြတ်၏ရန်သူကိုလည်းကောင်း၊ သင်၏ရန်သူကိုလည်းကောင်း၊ ဤရန်သူများမှတစ်ပါး သင်မသိသောသူများကိုလည်းကောင်း ထိတ်လန့်စေမည်။ ထို သင်မသိသော သူများကို အသျှင်မြတ်သည် သိတော်မူ၏။ သင်တို့သည် မည်သည့်အရာကိုမဆို အလ္လာဟ် အသျှင်မြတ်၏လမ်းတော်၌ သုံးစွဲကြအံ့။ သင်တို့အား ထိုသုံးစွဲသောအရာကို အပြည့်အစုံ ပြန်ဆပ်တော် မူလိမ့်မည်။ သင်တို့ကို မတရားပြုလုပ်မည်ဟုတ်ပေ။ |
Ghazi Mohammad Hashim ထို့ပြင် အသင်တို့သည် ထိုကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့နှင့် ပြိုင်ဆိုင်(တိုက်ခိုက်)ရန် အလို့ငှာ မိမိတို့တတ်စွမ်းသမျှ(လက်နက်အစရှိသော)အင်အားကိုလည်းကောင်း၊မွေးမြူထားသောမြင်းများကို လည်းကောင်း၊ အဆင်သင့် စုဆောင်း၍ ထားရှိကြလေကုန်။ (သို့မှသာလျှင်) အသင်တို့သည်ထိုလက်နက်အင်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ရန်သူများကိုလည်းကောင်း၊ မိမိတို့၏ရန်သူများကိုလည်းကောင်း၊ ထိုသူတို့အပြင် အခြားအကြင်သူတို့ကို လည်းကောင်း ခြောက်လှန့်၍ထားနိုင်ကြပေမည်။ ထိုသူတို့အား အသင်တို့သည် မသိကြချေ။(သို့ရာတွင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သိရှိတော်မူ၏။ ထို့ပြင်တဝ အသင်တို့ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌သုံးစွဲသမျှတို့ကို (ထိုအရှင်မြတ်သည်) အသင်တို့အား ပြည်စုံစွာချီးမြှင့်တော်မူအံ့။ စင်စစ်သော်ကား အသင်တို့သည် (အနည်းငယ်မျှ) ယုတ်လျော့၍ပေးခြင်းကို ခံကြရလိမ့်မည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် ထိုကာဖိရ်များနှင့် တိုက်ခိုက်ရန်အတွက် အသင်တို့တတ်နိုင်သမျှ (လက်နက်)အင်အားနှင့် မွေးမြူထားသော မြင်းများကို အဆင်သင့် စုဆောင်းထားကြပါ။ အသင်တို့သည် ထိုလက်နက်အင်အားနှင့် အလ္လာဟ်အရှင်မြတ်၏ ရန်သူများနှင့် အသင်တို့၏ရန်သူများအပြင် အခြား အသင်တို့ မသိကြသေးသော ရန်သူများကိုလည်း ခြောက်လှန့်ထားနိုင်မည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို သိတော်မူသည်။ ထိုု့ပြင် အသင်တို့ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သုံးစွဲသမျှကို အသင်တို့သည် လျှော့ပေးခြင်းမခံရဘဲလျက် ပြည့်ပြည့်ဝဝ ချီးမြှင့်တော်မူခြင်း ခံကြရမည်။ |