Quran with Burmese translation - Surah Al-Anfal ayat 70 - الأنفَال - Page - Juz 10
﴿يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّمَن فِيٓ أَيۡدِيكُم مِّنَ ٱلۡأَسۡرَىٰٓ إِن يَعۡلَمِ ٱللَّهُ فِي قُلُوبِكُمۡ خَيۡرٗا يُؤۡتِكُمۡ خَيۡرٗا مِّمَّآ أُخِذَ مِنكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴾
[الأنفَال: 70]
﴿ياأيها النبي قل لمن في أيديكم من الأسرى إن يعلم الله في﴾ [الأنفَال: 70]
Ba Sein ၇ဝ။ အို-တမန်တော် သင်တို့လက်တွင်းရှိ သုံ့ပန်းတို့အား ဟောကြားလော့။ အကယ်၍ အလ္လာဟ်အသျှင် မြတ်သည် သင်တို့၏စိတ်နှလုံးများတွင် ကောင်းခြင်းတစ်စုံတစ်ရာကို တွေ့မြင်တော်မူပါလျှင် အသျှင်မြတ်သည် သင်တို့အား မိမိတို့ထံမှ သိမ်းယူသည်ထက် သာလွန်ကောင်းမွန်သောအရာကို ပေးသနားတော်မူလတ္တံ့။ သင်တို့ကို အပြစ်လွှတ်တော်မူလတ္တံ့။ မှတ်သားကြလော့။ အလ္လာဟ် အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းချီးမင်္ဂလာပေးသနားတော်မူသော အသျှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အို-နဗီတမန်တော်၊ အသင်သည် မိမိတို့၏လက်တွင်း၌ရှိကုန်သော လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို(ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် တစ်စုံတစ်ရာကောင်းခြင်းကို အကယ်၍ သိရှိတော်မူပါလျှင်၊ ထိုအရှင်မြတ်သည် (ယခု)အသင်တို့ထံမှယူခဲ့ပြီး ဖြစ်သော (လျော်ကြေး)ပစ္စည်းထက် သာလွန် မြင့်မြတ်သောအရာကို အသင်တို့အား ချီးမြှင့်ပေးသနားတော်မူအံ့။ ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) ချမ်းသာခွင့်လည်းပေးသနားတော်မူအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူသည်။ |
Hashim Tin Myint အို- တမန်တော်၊ အသင်သည် အသင်တို့၏လက်များအတွင်း၌ရှိနေသာ လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို (ဤသို့)ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများ၌ ကောင်းခြင်း တစ်စုံတစ်ခုကို အကယ်၍ သိရှိတော်မူလျှင်၊ အရှင်မြတ်သည် အသင်တို့ထံမှ ယူခဲ့ပြီးဖြစ်သော(လျော်ကြေး)ပစ္စည်းထက် သာလွန်မြင့်မြတ်သောအရာကို အသင်တို့အား ချီးမြှင့်ပေးသနားတော်မူမည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူမည်။“* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |