Quran with Burmese translation - Surah Al-Fajr ayat 23 - الفَجر - Page - Juz 30
﴿وَجِاْيٓءَ يَوۡمَئِذِۭ بِجَهَنَّمَۚ يَوۡمَئِذٖ يَتَذَكَّرُ ٱلۡإِنسَٰنُ وَأَنَّىٰ لَهُ ٱلذِّكۡرَىٰ ﴾
[الفَجر: 23]
﴿وجيء يومئذ بجهنم يومئذ يتذكر الإنسان وأنى له الذكرى﴾ [الفَجر: 23]
Ba Sein ၂၃။ ထို့အပြင် အပယ်ငရဲကို အနီးသို့ ယူဆောင်လာတော်မူသောအခါ ထိုနေ့တော်ကြီး၌ လူသားသည် အလ္လာဟ် အရှင်မြတ်အား သတိရလတံ့၊ သို့သော်ဤအချိန်မမှီ သတိရခြင်းသည် သူ့အား အဘယ်အကျိုးဖြစ်ထွန်းအံ့နည်း။ |
Ghazi Mohammad Hashim ၎င်းပြင် ထိုနေ့တွင် "ဂျဟန္နမ်" ငရဲသည် (လူတို့ရှေ့မှောက်ဝယ်) ယူဆောင်လာခြင်းကို ခံရသောအခါ၊ ထိုနေ့တွင် လူသားသည် အသိတရား ရလာပေမည်။ သို့ရာတွင် (ထိုအခါ) သတိတရားရခြင်းသည် အဘယ်မှာလျှင် ၎င်း၌ အကျိုးရှိစေတော့မည်နည်း။ |
Hashim Tin Myint ထို့ပြင် ထိုနေ့တွင် ဂျဟန္နမ်ငရဲသည် ယူဆောင်လာခြင်းကို ခံရသည့်အခါ၊ ထိုနေ့တွင် လူသားသည်သတိတရားရလာလိမ့်မည်။ ထို့နောက် သတိတရားရခြင်းသည် အဘယ်မှ သူ့အား အကျိုးရှိစေတော့မည်နည်း။ |