Quran with Burmese translation - Surah At-Taubah ayat 120 - التوبَة - Page - Juz 11
﴿مَا كَانَ لِأَهۡلِ ٱلۡمَدِينَةِ وَمَنۡ حَوۡلَهُم مِّنَ ٱلۡأَعۡرَابِ أَن يَتَخَلَّفُواْ عَن رَّسُولِ ٱللَّهِ وَلَا يَرۡغَبُواْ بِأَنفُسِهِمۡ عَن نَّفۡسِهِۦۚ ذَٰلِكَ بِأَنَّهُمۡ لَا يُصِيبُهُمۡ ظَمَأٞ وَلَا نَصَبٞ وَلَا مَخۡمَصَةٞ فِي سَبِيلِ ٱللَّهِ وَلَا يَطَـُٔونَ مَوۡطِئٗا يَغِيظُ ٱلۡكُفَّارَ وَلَا يَنَالُونَ مِنۡ عَدُوّٖ نَّيۡلًا إِلَّا كُتِبَ لَهُم بِهِۦ عَمَلٞ صَٰلِحٌۚ إِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ ﴾
[التوبَة: 120]
﴿ما كان لأهل المدينة ومن حولهم من الأعراب أن يتخلفوا عن رسول﴾ [التوبَة: 120]
| Ba Sein ၁၂၀။ မဒီနာမြို့တော်ကြီး၌ နေထိုင်သူတို့နှင့် မြို့တော်ကြီးပတ်ဝန်းကျင်တွင် နေထိုင်သောကျေးလက်တောသားအာရဗ် လူမျိုးတို့သည် တမန်တော်နှင့်လိုက်မသွားပဲ မကျန်ရစ်ထိုက်ပေ။မိမိတို့အသက်ကို တမန်တော်၏ အသက်ထက် ပိုမို၍ မမြတ်နိုးအပ်ပေ။အလ္လာဟ်အရှင်မြတ်၏ လမ်းတော်ကြီး၌ ရေငတ်ခြင်း၊ အလုပ်ပင်ပန်းခြင်း၊ ဆာလောင် မွတ်သပ်ခြင်းခံရသော်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိတို့စိတ်ဒေါသထွက်မှုတစ်ခုခုသော်လည်းကောင်း၊ အလဟဿ မဖြစ်ပေ။၎င်းအပြင်သူတို့၏ မှတ်တမ်းစာရင်းစာအုပ်တွင် ထိုပြုလုပ်မှုများကို ကုသိုလ်ကောင်းမှုဟု မှတ်သား ထားစေတော်မူသည်။မှတ်သားကြလော့။အလ္လာဟ်အရှင်မြတ်သည် သူတော်ကောင်းတို့၏ အခဆုလာဘ်တော်ကို ဆုံးရှုံးစေတော်မူသည်မဟုတ်ပေ။ |
| Ghazi Mohammad Hashim မဒီနာမြို့သားတို့အဖို့လည်းကောင်း၊ ထိုသူတို့၏ပတ်ဝန်းကျင်၌ရှိကြသော အရဗ်ကျေးတော သားတို့အဖို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားစွန့်၍ နောက်ကျန်ရစ်ခဲ့ကြရန်မသင့်လျော်ခဲ့ချေ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အသက်ဇီဝိန်များကို ထိုရစူလ်တမန်တော်မြတ်၏ အသက်ဇီဝိန်ထက် ပိုမို၍ နှစ်သက်ကြရန်လည်း မထိုက်ပေ။ဤ(ကဲ့သို့နောက်ချန်ရစ်ခဲ့ခြင်းမပြုဘဲ ရစူလ်တမန်တော်မြတ်နှင့်အတူလိုက်ကြရန် အမိန့်ပြဋ္ဌာန်းတော်မူခြင်း၏) အကြောင်းကား ထိုသူတို့၌ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မည်သည့် ရေမွတ်သိပ်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး မည်သည့်ပင်ပန်းခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိ သော်၊ထိုမှတစ်ပါး မည်သည့်ဆာလောင်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး ၎င်းတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အမျက်ဒေါသထွက်စေသည့် မည်သည့် သွားလာမှုကိုမဆို သွားလာကြသည်ရှိသော်၊ ထို့ပြင် ၎င်းတို့သည်ရန်သူတစ်ဦးဦးထံမှ (ရန်သူ၏တပ်လန် ခြင်းကိုသော်လည်းကောင်း၊ထိုသူတို့ထံမှ လက်ရပစ္စည်းကိုသော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်ကို သော်လည်းကောင်း၊ ဖမ်းဆီးခြင်းခံရခြင်းကိုသော်လည်းကောင်း၊ ရရှိ(ခံစား)ခဲ့ကြရသည်ရှိသော် ၎င်းတို့အဖို့ခံစားကြရသော ထိုအချက်အသီးသီးနှင့်စပ်လျဉ်း၍ ကောင်းမြတ်သောအပြုအမူတရပ်သည် ရေးသားခြင်း ခံခဲ့ကြရသည်ချည်းသာတည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျင့်သီလ ကောင်းမြတ်သောသူတို့၏ အကျိုးကို အချည်းနှီးဖြစ်စေတော်မူသည် မဟုတ်ချေ။ |
| Hashim Tin Myint မဒီနဟ်မြို့သားများနှင့် သူတို့၏ ပတ်ဝန်းကျင်၌ရှိသော အရဗ်ကျေးတောသားများအတွက် အလ္လာဟ်အရှင်မြတ်၏တမန်တော်ကိုစွန့်ပြီး နောက်ကျန်ရစ်ခဲ့ကြရန် မသင့်ပေ။ ၎င်းနောက် သူတို့သည် သူတို့၏အသက်ကို တမန်တော်၏အသက်ထက် ပိုပြီး မနှစ်သက်သင့်ပေ။* ထို(သို့ ပြဋ္ဌာန်းရသည့်)အကြောင်းကမူ သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် မည်ကဲ့သို့သော ရေငတ်မှု၊ ပင်ပန်မှု၊ ဆာလောင်မှုပင်ဖြစ်စေ၊ ၎င်းနောက် ကာဖိရ်များအား ဒေါသဖြစ်စေမည့် မည်သို့သော သွားလာမှုပင်ဖြစ်စေ၊ ရန်သူများထံမှ ဒုက္ခ သုခ မည်သို့ပင်ရသည်ဖြစ်စေ*၊ ထိုအချက် တစ်ခုချင်းစီအတွက် ကောင်းမှုတစ်ခုစီ ရေးမှတ်ခြင်းခံရသည်ချည်းပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းကျိုးဆောင်ရွက်သူများ၏အကျိုးကို အလဟဿ ဖြစ်စေတော်မမူပေ။ |