Quran with Burmese translation - Surah At-Taubah ayat 128 - التوبَة - Page - Juz 11
﴿لَقَدۡ جَآءَكُمۡ رَسُولٞ مِّنۡ أَنفُسِكُمۡ عَزِيزٌ عَلَيۡهِ مَا عَنِتُّمۡ حَرِيصٌ عَلَيۡكُم بِٱلۡمُؤۡمِنِينَ رَءُوفٞ رَّحِيمٞ ﴾
[التوبَة: 128]
﴿لقد جاءكم رسول من أنفسكم عزيز عليه ما عنتم حريص عليكم بالمؤمنين﴾ [التوبَة: 128]
Ba Sein ၁၂၈။ သင်တို့ထံသို့ သင်တို့၏ သားချင်းတစ်ဦးဖြစ်သောတမန်တော်သည် ပွင့်လာပြီ၊ သင်တို့သည် ဒုက္ခရောက်လျှင် သူသည် ဝမ်းနည်းပူဆွေး၏။သင်တို့အတွက် စိုးရိမ်ကြောင့်ကျ၍ စိတ်မအေးပေ။ယုံကြည်သူတို့ကို သနားကြင်နာ ၍ ကျေးဇူးပြု၏။ |
Ghazi Mohammad Hashim ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌အလွန် ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်)အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်း များကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ် ၏။ (ထိုမှတစ်ပါး)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ အလွန်တရာနူးညံ့သိမ်မွေ့သူ၊ အလွန်တရာ သနားကြင်နာသူတဦး(လည်း)ဖြစ်ချေ သတည်း။ |
Hashim Tin Myint အမှန်စင်စစ် အသင်တို့ထဲမှပင် တမန်တော်တစ်ပါးသည် အသင်တို့ထံသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။* အသင်တို့ ဒုက္ခရောက်ခြင်းသည် ထိုတမန်တော်အပေါ်တွင် အလွန်ဝန်လေးသည်။* (၎င်းနောက် ထိုတမန်တော်သည်) အသင်တို့နှင့်ပတ်သက်၍ (ကောင်းသည်ကိုသာ) အလွန်လိုလားသူဖြစ်သည်။ အီမာန်ယုံကြည်သူများနှင့်ပတ်သက်၍ အလွန်နူးညံ့သိမ်မွေ့သူ၊ အလွန်ကြင်နာသူ တစ်ဦးဖြစ်သည်။ |