Quran with Burmese translation - Surah At-Taubah ayat 129 - التوبَة - Page - Juz 11
﴿فَإِن تَوَلَّوۡاْ فَقُلۡ حَسۡبِيَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ عَلَيۡهِ تَوَكَّلۡتُۖ وَهُوَ رَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ ﴾
[التوبَة: 129]
﴿فإن تولوا فقل حسبي الله لا إله إلا هو عليه توكلت وهو﴾ [التوبَة: 129]
Ba Sein ၁၂၉။ အို-မိုဟမ္မဒ်၊ သူတို့သည် လှည့်သွားလျှင် သင်ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်အတွက် လုံလောက်တော်မူ၏။အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိပေ။အရှင်မြတ်ကိုသာလျှင် အကျွနု်ပ်သည် ယုံကြည်ကိုးစား၏။အရှင်မြတ်သည် အလွန်ကြီးကျယ်မြင့်မြတ်သောရာဇပလ္လင်တော်၏ အရှင်သခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim တဖန် အကယ်၍ ၎င်းတို့သည် (သိနားလည်ပါလျက်နှင့်ယုံကြည်လိုက်နာခြင်းမရှိပဲ) ပြန်လှည့်၍ သွားခဲ့ကြပါလျှင် အသင်သည် (၎င်းတို့အား ဤသို့ ပြောကြားပါလေ)ငါတို့အဖို့ အလ္လာဟ်အရှင်မြတ်သည် (အဖက်ဖက်မှ) လုံလောက်တော်မူပေသည်၊ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ။ ထိုအရှင်မြတ်အပေါ်၌သာလျှင်ငါသည် (အစစအရာရာတွင် လုံးဝ)ယုံကြည် လွှဲအပ်ခဲ့လေပြီ၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကြီးကျယ်မြင့်မြတ် လှစွာသောအရ်ရ်ှပလ္လင်တော်ကို စိုးပိုင်တော်မူ သောအရှင်လည်း ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့နောက် အကယ်၍ သူတို့သည် (သိပါလျက်နှင့် မလိုက်နာဘဲ)ပြန်လှည့်သွားခဲ့ကြလျှင် (အို- တမန်တော်)အသင်ပြောလိုက်ပါ- “ငါ့အတွက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်တော်မူသည်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ထိုအရှင်မြတ်အပေါ်၌သာ ငါသည် ယုံပုံလွှဲအပ်ခဲ့ပြီ ဖြစ်သည်။ ၎င်းနောက် အရှင်မြတ်သည် အလွန်ကြီးကျယ်မြင့်မြတ်သော အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသည့်အရှင် ဖြစ်တော်မူသည်။ |