Quran with Burmese translation - Surah At-Taubah ayat 17 - التوبَة - Page - Juz 10
﴿مَا كَانَ لِلۡمُشۡرِكِينَ أَن يَعۡمُرُواْ مَسَٰجِدَ ٱللَّهِ شَٰهِدِينَ عَلَىٰٓ أَنفُسِهِم بِٱلۡكُفۡرِۚ أُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ وَفِي ٱلنَّارِ هُمۡ خَٰلِدُونَ ﴾
[التوبَة: 17]
﴿ما كان للمشركين أن يعمروا مساجد الله شاهدين على أنفسهم بالكفر أولئك﴾ [التوبَة: 17]
Ba Sein ၁၇။ မိမိတို့သည် ယုံကြည်သူမဟုတ်ဟု ဝန်ခံသူ၊ ဆင်းတုကိုးကွယ်သူသည် အလ္လာဟ်အရှင်မြတ် ဘေးမဲ့ပလီဝတ် ကျောင်းတော်များ၏ ဂေါပကလူကြီးများမဖြစ်ရပေ။ဤသူများမှာမူကား သူတို့၏ ပြုကျင့်မှုများသည် အကျိုးမဲ့ အချည်းနှီးသာဖြစ်၏။ |
Ghazi Mohammad Hashim မွတ်ရှ်ရစ်က် တို့၌ ၎င်းတို့သည် မိမိတို့ ကာဖိရ် ဖြစ်ကြောင်း ဝန်ခံလျက် ရှိနေကြစဉ် အလ္လာဟ်အရှင်မြတ်၏ဗလီကျောင်းတော်များကို သာယာစည်ကားအောင် ပြုလုပ်ရန် အရည်အချင်းမရှိချေ။ ၎င်းတို့သည် အကြင်သူများပင်တည်း။ ထိုသူတို့၏ အပြုအမူများသည် အချည်းနှီး ဖြစ်ခဲ့ကြသည့်ပြင် ထိုသူတို့သည် ငရဲမီး၌ ထာဝစဉ် နေထိုင်ကြရ မည့်သူများပင် ဖြစ်ကြကုန်လေသတည်း။ |
Hashim Tin Myint မုရှ်ရိက်များသည် သူတို့အနေဖြင့် သူတို့ ကာဖိရ်ဖြစ်ကြောင်း ဝန်ခံနေပါလျက် အလ္လာဟ်အရှင်မြတ်၏ ဗလီဝတ်ကျောင်းတော်များကို စည်ကားအောင်ပြုလုပ်ရန် (ထိန်းသိမ်းစောင့်ရှောက်ရန်) အရည်အချင်း မရှိပေ။* ထိုမုရှ်ရိက်များပင်၊ သူတို့၏(ကောင်းသော)အပြုအမူများသည် အကျိုးမဲ့ဖြစ်ခဲ့ကြသည့်အပြင် သူတို့သည် ငရဲမီးထဲ၌ပင် အမြဲနေထိုင်ကြရမည့်သူများ ဖြစ်ကြသည်။ |