×

(အို၊ ရုပ်တုကိုးကွယ်သူအပေါင်းတို့၊ သင်တို့သည် ကတိပဋိညာဉ်တစ်ခုကို ချုပ်ဆိုပြီး ယင်းကို ချိုးဖောက်ကြ ၏။) သို့ဖြစ်ရာ သင်တို့သည် (သင်တို့၏ဒေသတည်ရှိရာ) မြေကမ္ဘာ၌ 9:2 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:2) ayat 2 in Burmese

9:2 Surah At-Taubah ayat 2 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 2 - التوبَة - Page - Juz 10

﴿فَسِيحُواْ فِي ٱلۡأَرۡضِ أَرۡبَعَةَ أَشۡهُرٖ وَٱعۡلَمُوٓاْ أَنَّكُمۡ غَيۡرُ مُعۡجِزِي ٱللَّهِ وَأَنَّ ٱللَّهَ مُخۡزِي ٱلۡكَٰفِرِينَ ﴾
[التوبَة: 2]

(အို၊ ရုပ်တုကိုးကွယ်သူအပေါင်းတို့၊ သင်တို့သည် ကတိပဋိညာဉ်တစ်ခုကို ချုပ်ဆိုပြီး ယင်းကို ချိုးဖောက်ကြ ၏။) သို့ဖြစ်ရာ သင်တို့သည် (သင်တို့၏ဒေသတည်ရှိရာ) မြေကမ္ဘာ၌ (သင်တို့လိုချင်သည့် စစ်ရေးပြင်ဆင်မှုများကို လုပ်ဆောင်ရန်) လေးလအထိ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်မည်။ သို့သော် သင်တို့သည် (အရှင်မြတ်၏ တန်ခိုးတော်အား စွမ်းဆောင်မှု ကင်းမဲ့စေနိုင်မည်မဟုတ်သည့်အပြင် အရှင့်ဆန္ဒတော်ကိုလည်း နှောင့်ယှက်နိုင် မည် မဟုတ်သောကြောင့် အလ္လာဟ်အရှင်မြတ် (၏ဒဏ်ခတ်အရေးယူခြင်း) မှ မည်သည့်အခါမျှ လွတ်မြောက်နိုင် မည်မဟုတ်ကြောင်းနှင့်အလ္လာဟ်အရှင်မြတ်သည် မယုံ ကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား အသရေပျက်စေလျက် သေးသိမ်စေတော်မူမည်ဖြစ်ကြောင်းကို (ကောင်းစွာနှလုံးသွင်း) သိမှတ်ထားကြလော့။

❮ Previous Next ❯

ترجمة: فسيحوا في الأرض أربعة أشهر واعلموا أنكم غير معجزي الله وأن الله, باللغة البورمية

﴿فسيحوا في الأرض أربعة أشهر واعلموا أنكم غير معجزي الله وأن الله﴾ [التوبَة: 2]

Ba Sein
၂။ သင်တို့သည် ကမ္ဘာမြေတွင် လေးလအတွင်း လွတ်လပ်စွာခရီးသွားလာကြလော့၊ သင်တို့သည် အလ္လာဟ်အရှင် မြတ်လက်တော်မှ မလွတ်မြောက်နိုင်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့အား ဂုဏ်သိမ်ည့ံဖျင်းရှုံ့ချ တော်မူမည့်အကြောင်းတို့ကို မှတ်သားကြလော့။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင်သည်မုရှ်ရစ်ကတ်တို့အားဤသို့ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည်(ဤ)တိုင်းပြည်ဝယ် လေးလတိုင်အောင် (လွတ်လပ်စွာ)လှည့်လည်(သွားလာ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်နှင့်လွတ်ကင်းအောင်ထွက်ပြေးနိုင်ကြသူများ မဟုတ်ကြောင်းကိုလည်းကောင်း၊အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သော သူတို့အား၊ အရှက်တကွဲ ဖြစ်စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ (ကောင်းစွာ) မှတ်ယူကြလေကုန်။ (တစ်နည်း)[ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သူများ မဟုတ်ကြောင်းကိုလည်းကောင်း၊ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကာဖိရ်တို့အား အရှက်တကွဲ ဖြစ်စေတော်မူမည့်အရှင်ဖြစ်တော်မူသည်ကို လည်းကောင်း၊ သိထားကြလေကုန်။]
Hashim Tin Myint
သို့ဖြစ်ရာ (အသင်‌ပြောလိုက်ပါ)- အသင်တို့သည် (ဤ)တိုင်းပြည်တွင် ‌လေးလထိ* (သာလွတ်လပ်စွာ) လှည့်လည်(သွားလာ)ကြပါ။ ၎င်းပြင် အသင်တို့သည် အမှန်ပင် အလ္လာဟ်အရှင်မြတ်အား (အပြစ်ဒဏ်ခတ်ခြင်းမှ) မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်သူများ မဟုတ်‌ကြောင်းနှင့် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား ‌သေးသိမ်‌စေ‌တော်မူမည့်အရှင် ဖြစ်‌တော်မူ‌ကြောင်းကို (‌ကောင်းစွာ)သိမှတ်ထားကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek