×

အဓိကကျပြီး ကြီးမားသော ဟဂျ်ဝတ်ပြုမှုကျင်းပသည့် ညီလာခံအခမ်းအနားအခါသမယတွင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ထံမှ လူသားအားလုံးထံသို့ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော် တို့သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာ (ရုပ်တု) များကို 9:3 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:3) ayat 3 in Burmese

9:3 Surah At-Taubah ayat 3 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 3 - التوبَة - Page - Juz 10

﴿وَأَذَٰنٞ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلنَّاسِ يَوۡمَ ٱلۡحَجِّ ٱلۡأَكۡبَرِ أَنَّ ٱللَّهَ بَرِيٓءٞ مِّنَ ٱلۡمُشۡرِكِينَ وَرَسُولُهُۥۚ فَإِن تُبۡتُمۡ فَهُوَ خَيۡرٞ لَّكُمۡۖ وَإِن تَوَلَّيۡتُمۡ فَٱعۡلَمُوٓاْ أَنَّكُمۡ غَيۡرُ مُعۡجِزِي ٱللَّهِۗ وَبَشِّرِ ٱلَّذِينَ كَفَرُواْ بِعَذَابٍ أَلِيمٍ ﴾
[التوبَة: 3]

အဓိကကျပြီး ကြီးမားသော ဟဂျ်ဝတ်ပြုမှုကျင်းပသည့် ညီလာခံအခမ်းအနားအခါသမယတွင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ထံမှ လူသားအားလုံးထံသို့ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော် တို့သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာ (ရုပ်တု) များကို ကိုးကွယ်ကြသော သူတို့နှင့်စပ်လျဉ်း၍ (သူတို့ ၏သစ္စာဖောက်မှုကြောင့်) တာဝန်ကင်းကြောင်းကို ကြေညာချက် ထုတ်ပြန်တော်မူ၏။ သို့ဖြစ်ပေရာ အကယ်၍ သင်တို့သည် ရန်လိုမုန်းတီးမှုကိုစွန့်၍ နောင်တဖြင့် တရားလမ်းမှန်ဘက်သို့ လှည့်လာကြလျှင် ယင်းသည် သင်တို့ အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် အကယ်၍ သင်တို့ ကျောခိုင်းသွားကြလျှင် သင်တို့သည် (အရှင့် ဆန္ဒတော်အရ အရှင့်တန်ခိုးတော်ဖြင့် အရေးယူတော်မူခြင်းမှ ကင်းလွတ်နိုင်အောင်) အလ္လာဟ်အရှင်မြတ်အား စွမ်း ဆောင်မှုကင်းမဲ့စေနိုင်မည်မဟုတ်ကြောင်းကို နှလုံးသွင်းသိမှတ်ကြလော့။ ထို့ပြင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် အလွန် ပြင်းထန်စူးနစ်သော ပြစ်ဒဏ်ရှိကြောင်း သတင်းကောင်း ပါးလော့။

❮ Previous Next ❯

ترجمة: وأذان من الله ورسوله إلى الناس يوم الحج الأكبر أن الله بريء, باللغة البورمية

﴿وأذان من الله ورسوله إلى الناس يوم الحج الأكبر أن الله بريء﴾ [التوبَة: 3]

Ba Sein
၃။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်တို့သည် မိစ္ဆာဒိဋ္ဌိတို့အပေါ်ရှိ တာဝန်ဝတ္တရားမှ လွတ်သည်ဟူ၍ အကြီးနေ့၌ အလ္လာဟ်အရှင်နှင့် အရှင့်တမန်တော်သည် လူအားလုံးတို့သို့ အမိန့်တော်ထုတ်ပြန်ကြေငြာတော် မူချက်၊ ထို့ကြောင့်သင်တို့သည် တရားသံဝေဂရလျှင်၊ သင်တို့အတွက် သာလွန်ကောင်းမွန်၏။သို့သော်သင်တို့ သည် တရားတော်ကို ဆန့်ကျင်လျှင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လက်တော်မှ မလွတ်မြောက်နိုင် သည်ကို မှတ်သားကြလော့။အို-မိုဟမ္မဒ်၊ သင်သည် မိစ္ဆာဒိဋ္ဌိတို့အား အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ် တော်အကြောင်းသတင်းကို ဟောကြားလော့။
Ghazi Mohammad Hashim
ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အထံတော်မှ ဟဂျ်ဂျေအတ်က်ဗရ် နေ့တွင် လူခပ်သိမ်းတို့ရှေ့ဝယ်၊ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ပဋိညာဉ်ကို မိမိတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ကြသော) မုရှ်ရစ်က် တို့နှင့်ပတ်သက်၍ (အချိန်ကာလတစ်စုံတစ်ရာသတ်မှတ်ခြင်းပြုတော်မမူဘဲယခုပင်)တာဝန်ကင်းတော်မူကြောင်း ကြေငြာခြင်းပင်ဖြစ်ချေသတည်း။ သို့ဖြစ်သော်ငြားလည်း (အို-မုရှ်ရစ်က်အပေါင်းတို့) အကယ်၍ အသင်တို့သည်(မိမိတို့၏အယူဝါဒများကို စွန့်လွှတ်၍)ဝန်ချတောင်းပန်ကြပါမူထိုဝန်ချတောင်းပန်ခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ချေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်(ဝန်ချတောင်းပန်ခြင်းမပြုဘဲ) မျက်နှာလွှဲခဲ့ကြပါလျှင် စင်စစ် အသင်တို့သည် ‘အလ္လာဟ်’ အရှင်မြတ်နှင့် လွတ်ကင်းအောင် ထွက်ပြေးနိုင်ကြမည်မဟုတ်ကြောင်း ကောင်းစွာမှတ်ယူကြလေကုန်။ ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့အား (၎င်းတို့ခံစားခြင်းငှာ) ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် (အဆင်သင့်)ရှိကြောင်းသတင်းကောင်း ပြောကြားပါလေ။
Hashim Tin Myint
ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံမှ ဟဂျ်ဂျိအက္ကဗရ်*‌နေ့၌ လူများထံသို့ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်သည် (ကတိစာချုပ်ကို သူတို့ကိုယ်တိုင် ချိုးဖျက်ခဲ့ကြ‌သော) မုရှ်ရိက်များနှင့်ပတ်သက်၍ (ယခုကစပြီး) တာဝန်ကင်း‌တော်မူ‌ကြောင်း ‌ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ ထို့‌နောက် အကယ်၍ အသင်တို့သည် (ငြင်းပယ်မှုကို စွန့်လွှတ်ပြီး)ဝန်ချ‌တောင်းပန်ကြလျှင် ထိုဝန်ချ‌တောင်းပန်ခြင်းသည် အသင်တို့အတွက် အ‌ကောင်းဆုံးဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် (‌တောင်းပန်ခြင်းမပြုဘဲ) မျက်နှာလွှဲခဲ့ကြလျှင် အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်သူများ မဟုတ်‌ကြောင်း ‌ကောင်းစွာ သိမှတ်ထားကြပါ။ ထို့ပြင် အသင်သည် ကာဖိရ်များကို အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိ‌ကြောင်း သတင်း‌ကောင်း‌ပေးလိုက်ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek