Quran with Burmese translation - Surah At-Taubah ayat 26 - التوبَة - Page - Juz 10
﴿ثُمَّ أَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِينَ وَأَنزَلَ جُنُودٗا لَّمۡ تَرَوۡهَا وَعَذَّبَ ٱلَّذِينَ كَفَرُواْۚ وَذَٰلِكَ جَزَآءُ ٱلۡكَٰفِرِينَ ﴾
[التوبَة: 26]
﴿ثم أنـزل الله سكينته على رسوله وعلى المؤمنين وأنـزل جنودا لم تروها﴾ [التوبَة: 26]
Ba Sein ၂၆။ ထိုအခါအလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်နှင့် ယုံကြည်သူတို့ထံ စိတ်အေးချမ်းသာယာမှုကို ချပေး တော်မူ၏။ထို့အပြင်သင်တို့မမြင်ရသောစစ်သည်တော်များကိုလည်း ချပေးတော်မူ၏။မိစ္ဆာဒိဋ္ဌိတို့ကို အပြစ် ပေးတော်မူ၏။၎င်းမှာ မိစ္ဆာဒိဋ္ဌိတို့၏ ဆုလာဘ်ဖြစ်၏။ |
Ghazi Mohammad Hashim ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှ မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ အပေါ်၌လည်းကောင်း၊စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အသင်တို့ မမြင်နိုင်သော စစ်သည်ရဲမက်တို့ကိုလည်း စေလွှတ်ပေးတော်မူခဲ့လေသည်။ ထို့ပြင်ထိုအရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့အား ပြစ်ဒဏ်ပေးတော်မူခဲ့လေသည်။ အမှန်သော်ကား ဤသည်သာလျှင် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ အကျိုးပင်တည်း။ |
Hashim Tin Myint ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံတော်မှ အရှင်မြတ်၏တမန်တော်နှင့် ယုံကြည်သူများအပေါ်တွင် စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့ မမြင်နိုင်သော စစ်တပ်များကို စေလွှတ်ပေးတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များအား ပြစ်ဒဏ်ပေးတော်မူခဲ့သည်။ ၎င်းပြင် ဤသည် ကာဖိရ်များ၏ အစားပေးခြင်းပင်ဖြစ်သည်။ |