Quran with Burmese translation - Surah At-Taubah ayat 27 - التوبَة - Page - Juz 10
﴿ثُمَّ يَتُوبُ ٱللَّهُ مِنۢ بَعۡدِ ذَٰلِكَ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴾
[التوبَة: 27]
﴿ثم يتوب الله من بعد ذلك على من يشاء والله غفور رحيم﴾ [التوبَة: 27]
Ba Sein ၂၇။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်လိုတော်မူသောသူအပေါ်၌ အပြစ်လွှတ်တော်မူ၏။အရှင်မြတ် သည် အပြစ်လွှတ်တော်မူ၏။ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၏ဘက်သို့ ကရုဏာတော် နှင့်လှည့်တော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနား ကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ၎င်းပြင် ထို(စစ်ပွဲ)ပြီးသည့်နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသော သူ၏အမှားဝန်ခံမှုကို လက်ခံခွင့်လွှတ်တောမူသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |