×

အကယ်၍ ကောင်းမြတ်သည့် အခြေအနေတစ်စုံတစ်ခုသည် အသင် (တမန်တော်) ထံသို့ ဆိုက်ရောက်လျှင် ယင်းသည် သူတို့အား ပူဆွေးသောက ဆိုက်ရောက်လျှင် ယင်းသည် 9:50 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:50) ayat 50 in Burmese

9:50 Surah At-Taubah ayat 50 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 50 - التوبَة - Page - Juz 10

﴿إِن تُصِبۡكَ حَسَنَةٞ تَسُؤۡهُمۡۖ وَإِن تُصِبۡكَ مُصِيبَةٞ يَقُولُواْ قَدۡ أَخَذۡنَآ أَمۡرَنَا مِن قَبۡلُ وَيَتَوَلَّواْ وَّهُمۡ فَرِحُونَ ﴾
[التوبَة: 50]

အကယ်၍ ကောင်းမြတ်သည့် အခြေအနေတစ်စုံတစ်ခုသည် အသင် (တမန်တော်) ထံသို့ ဆိုက်ရောက်လျှင် ယင်းသည် သူတို့အား ပူဆွေးသောက ဆိုက်ရောက်လျှင် ယင်းသည် သူတို့အား ပူဆွေးသောကရောက်စေပြီး အကယ်၍ အသင်၌ ဘေးဒုက္ခ (အကုသိုလ်) တစ်စုံတစ်ခု ဆိုက်ရောက်လာသော် သူတို့က “ကျွန်ုပ်တို့သည် (သင်တို့ကဲ့သို့ မကြုံရလေအောင်) ကျွန်ုပ်တို့၏အရေးကိစ္စများကို ယခင်ကပင် ကြိုတင်စီမံထားခဲ့ပြီ။” ဟု ပြောဆို ကြလျက် ရှောင်ပြေးသွားကြပြီး ပျော်ရွှင်မြူးထူးနေကြ၏။

❮ Previous Next ❯

ترجمة: إن تصبك حسنة تسؤهم وإن تصبك مصيبة يقولوا قد أخذنا أمرنا من, باللغة البورمية

﴿إن تصبك حسنة تسؤهم وإن تصبك مصيبة يقولوا قد أخذنا أمرنا من﴾ [التوبَة: 50]

Ba Sein
၅ဝ။ အို-မိုဟမ္မဒ်၊ သင့်အပေါ်၌ ကောင်းကြီးမင်္ဂလာတော်သက်ရောက်လာလျှင်၊ သူတို့သည် ဝမ်းနည်းပက်လက်ဖြစ် ကြ၏။အမင်္ဂလာဒုက္ခရောက်လာလျှင် သူတို့က အကျွနု်ပ်တို့သည် ဘေးရန်ကို တင်ကြို၍ ကာဆီးထားကြ၏ဟု ဝမ်းမြောက်ဝမ်းသာပြောဆိုကြ၏။သူတို့သည် တရားတော်ကို ဝမ်းမြောက်ဝမ်းသာကျောပေးသွားကြ၏။
Ghazi Mohammad Hashim
အကယ်၍ အသင့်၌ ကောင်းမွန်သောအခြေအနေ တစ်စုံတစ်ရာ ဆိုက်ရောက်သည်ရှိသော် ထိုကောင်းမွန်သော အခြေအနေသည် ၎င်းတို့အား ပူပင်သောက ဖြစ်စေ၏။သို့ရာတွင် အကယ်၍ အသင်၌ ဘေးအန္တရာယ် တစ်စုံတစ်ရာဆိုက်ရောက်သည်ရှိမူ၊ ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည်မိမိတို့၏ အရေးကိစ္စကို ယခင်ကပင်တင်ကူး၍ စီမံခဲ့ပြီးဖြစ်သည် ဟု ပြောဆိုကာ ဝမ်းမြောက်ပျော်ရွှင်စွာ ပြန်လှည့် သွားလေ့ ရှိကြကုန်သတည်း။
Hashim Tin Myint
အကယ်၍ အသင့်ထံ ‌ကောင်းခြင်းတစ်စုံတစ်ခု ဆိုက်‌ရောက်လာလျှင် ထို‌ကောင်း‌သောဖြစ်ရပ်က သူတို့အား ဝမ်းနည်းပက်လက်ဖြစ်‌စေသည်။ ၎င်းပြင် အကယ်၍ အသင့်ထံ ‌ဘေးဒုက္ခတစ်စုံတစ်ခု ဆိုက်‌ရောက်လာလျှင် သူတို့က “အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အ‌ရေးကိစ္စကို ယခင်ကတည်းက ကြိုတင်စီမံထားခြင်းဖြစ်သည်“ဟု ‌ပြောဆိုပြီး ဝမ်းသာလျက် ပြန်လှည့်သွား‌လေ့ရှိကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek