×

“ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်က စီရင်ပြဋ္ဌာန်းသတ်မှတ်တော်မူသည့် ဖြစ်စဉ်များမှအပ အခြား (ဘေးဒုက္ခ၊ အခက်အခဲစသော) မည်သည့်အရာမျှ ကျွန်ုပ်တို့၌ အလျှင်း ဆိုက်ရောက်နိုင်မည် မဟုတ်ကြောင်း၊” 9:51 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:51) ayat 51 in Burmese

9:51 Surah At-Taubah ayat 51 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 51 - التوبَة - Page - Juz 10

﴿قُل لَّن يُصِيبَنَآ إِلَّا مَا كَتَبَ ٱللَّهُ لَنَا هُوَ مَوۡلَىٰنَاۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ﴾
[التوبَة: 51]

“ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်က စီရင်ပြဋ္ဌာန်းသတ်မှတ်တော်မူသည့် ဖြစ်စဉ်များမှအပ အခြား (ဘေးဒုက္ခ၊ အခက်အခဲစသော) မည်သည့်အရာမျှ ကျွန်ုပ်တို့၌ အလျှင်း ဆိုက်ရောက်နိုင်မည် မဟုတ်ကြောင်း၊” ထိုအရှင်မြတ်သည် ကျွန်ုပ်တို့၏အရှင်သခင်နှင့်ကာကွယ်စောင့်ရှောက်သူ ဖြစ်ကြောင်း၊ သက်ဝင်ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ (သူတို့၏အရေးကိစ္စဟူသမျှနှင့်စပ်လျဉ်း၍) ယုံကြည်စိတ်ချစွာ လွှဲအပ်ကြကြောင်း” ဟောကြားလော့။

❮ Previous Next ❯

ترجمة: قل لن يصيبنا إلا ما كتب الله لنا هو مولانا وعلى الله, باللغة البورمية

﴿قل لن يصيبنا إلا ما كتب الله لنا هو مولانا وعلى الله﴾ [التوبَة: 51]

Ba Sein
၅၁။ ဟောကြားလော့။အကျွနု်ပ်တို့ထံသို့ အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းတော်မူသည်မှတပါး အခြားတစ်စုံတစ်ရာမျှ မကျရောက်ပေ။အရှင်မြတ်သည် အကျွနု်ပ်တို့အား ကာကွယ်စောင့်ရှောက်သောအဆွေခင်ပွန်းဖြစ်တော်မူ၏။ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးစားကြစေလော။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့နှင့် ပတ်သက်၍ စီရင်ရေးသားတော်မူခဲ့သည့်မှအပ အခြားမည်သည့် တစ်စုံတစ်ရာမျှ အကျွန်ုပ်တို့၌ အလျင်း ဆိုက်ရောက်နိုင်မည် မဟုတ်ပေ။ ထိုအရှင်မြတ်သည် အကျွန်ုပ်တို့၏အရှင်သခင် ဖြစ်တော်မူသည်။ သို့ဖြစ်ပေရာ မုအ်မင်န်သက်ဝင်ယုံကြည်သောသူတို့သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ကြရာကုန်သတည်း။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့နှင့်ပတ်သက်ပြီး သတ်မှတ်‌တော်မူခဲ့သည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ကျွန်ုပ်တို့၌ လုံးဝ ဆိုက်‌ရောက်မည် မဟုတ်‌ပေ။ အရှင်မြတ်သည် ကျွန်ုပ်တို့၏အရှင်သခင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek