Quran with Burmese translation - Surah At-Taubah ayat 65 - التوبَة - Page - Juz 10
﴿وَلَئِن سَأَلۡتَهُمۡ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلۡعَبُۚ قُلۡ أَبِٱللَّهِ وَءَايَٰتِهِۦ وَرَسُولِهِۦ كُنتُمۡ تَسۡتَهۡزِءُونَ ﴾
[التوبَة: 65]
﴿ولئن سألتهم ليقولن إنما كنا نخوض ونلعب قل أبالله وآياته ورسوله كنتم﴾ [التوبَة: 65]
Ba Sein ၆၅။ အကယ်၍ သင်မိုဟမ္မဒ်သည် သူတို့အား မေးမြန်းလျှင် သူတို့က အကျွနု်ပ်တို့သည် ပြောင်လှောင်ပြောဆိုကြ၏ဟု ပြန်ပြောကြမည်။သင်ကြားလော့။သင်တို့သည် အလ္လာဟ်အရှင်မြတ် အရှင်မြတ်၏ နှုတ်ကပတ်တော်များနှင့် အရှင်၏ တမန်တော်ကို ကဲ့ရဲ့ပြောင်လှောင်ကြသလော။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား စစ်ဆေးမေးမြန်းခဲ့ပါလျှင် ဧကန်မလွဲ ၎င်းတို့ကကျွန်ုပ်တို့သည် အပျော်အပျင်းပြေစကား ပြောဆိုလျက်သာရှိကြပါသည်၊ ၎င်းပြင် ကျွန်ုပ်တို့သည် ရယ်စရာပြောဆိုလျက်သာ ရှိကြပါသည် ဟု ဖြေကြားလတ္တံ့။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏အာယတ်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ပြက်ရယ်ပြောင်လှောင်ကြလေသလော။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အသင်(တမန်တော်)သည် သူတို့အား မေးမြန်းခဲ့လျှင် အမှန်စင်စစ် သူတို့က “ကျွန်ုပ်တို့သည် မည်သည့်အရာကိုမျှ မရည်ရွယ်ဘဲပြောနေကြခြင်းနှင့် ရယ်စရာပြောနေကြခြင်းသာ ဖြစ်ကြပါသည်“ဟု ပြောဆိုကြမည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏အာယသ်တော်များအပြင် အရှင်မြတ်၏တမန်တော်ကို ပြက်ရယ်ပြောင်လှောင်နေကြသလော။ |