×

သူတို့အနက်မှ (အချို့သည်) “အကယ်၍ ထိုအရှင်မြတ်သည် အရှင့်ကျေးဇူးတော်များအနက်မှ ကျွန်ုပ်တို့အား ချီးမြှင့်ပေးအပ်တော်မူလျှက် ကျွန်ုပ်တို့သည် မုချပင် (အရှင်မြတ်ပြဋ္ဌာန်းသတ်မှတ်တော်မူသည့် ဇကာသ်နှင့်အရှင်မြတ်နှစ်မြို့တော်မူသည့်) အလှူဒါနများ 9:75 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:75) ayat 75 in Burmese

9:75 Surah At-Taubah ayat 75 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 75 - التوبَة - Page - Juz 10

﴿۞ وَمِنۡهُم مَّنۡ عَٰهَدَ ٱللَّهَ لَئِنۡ ءَاتَىٰنَا مِن فَضۡلِهِۦ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ ٱلصَّٰلِحِينَ ﴾
[التوبَة: 75]

သူတို့အနက်မှ (အချို့သည်) “အကယ်၍ ထိုအရှင်မြတ်သည် အရှင့်ကျေးဇူးတော်များအနက်မှ ကျွန်ုပ်တို့အား ချီးမြှင့်ပေးအပ်တော်မူလျှက် ကျွန်ုပ်တို့သည် မုချပင် (အရှင်မြတ်ပြဋ္ဌာန်းသတ်မှတ်တော်မူသည့် ဇကာသ်နှင့်အရှင်မြတ်နှစ်မြို့တော်မူသည့်) အလှူဒါနများ ပြုကြသည့်အပြင် (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုကို လုပ်ဆောင်ခြင်းဖြင့်) ဧကန်ပင်၊ အကျင့်သီလဆောက်တည်ကြသော ပြုပြင်သူများအနက်မှ ဖြစ်ကြလိမ့်မည်။” ဟု သန္နိဋ္ဌာန်ချလျက် အလ္လာဟ်အရှင်မြတ်အား ကတိပေးကြ၏။

❮ Previous Next ❯

ترجمة: ومنهم من عاهد الله لئن آتانا من فضله لنصدقن ولنكونن من الصالحين, باللغة البورمية

﴿ومنهم من عاهد الله لئن آتانا من فضله لنصدقن ولنكونن من الصالحين﴾ [التوبَة: 75]

Ba Sein
၇၅။ သူတို့အနက် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကောင်းကြီးမင်္ဂလာတော်မှ အကျွနု်ပ်တို့ကို ပေးသနားတော်မူ ပါလျှင် အကျွနု်ပ်တို့သည် အလှုဒါနပြု၍ သူတော်ကောင်းများဘောင်တွင် အပါအဝင်များဖြစ်ကြပါမည်ဟု ဆို၍ အရှင်မြတ်နှင့် ပဋိညာဉ်ဖွဲ့သူလည်းရှိ၏။
Ghazi Mohammad Hashim
၎င်းပြင်၊ ထိုသူတို့အနက် အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား(ဤသို့)ပဋိညာဉ် ပေးခဲ့ကြလေသည်။ အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (မိမိ၏ကျေးဇူးတော်ဖြင့်)(ဥစ္စာပစ္စည်းကို) ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် ကောင်းစွာ လှူဒါန်းကြပါမည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသော သူတော်စင်သူတော်ကောင်းတို့တွင် မုချ ပါဝင်ကြပါမည်။
Hashim Tin Myint
ထို့ပြင် သူတို့ထဲမှ အကြင်သူများလည်းရှိကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်အား ကတိ‌ပေးခဲ့ကြသည်- “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်၏‌ကျေးဇူး‌တော်ထဲမှ ‌ပေးသနား‌တော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှန်ပင် လှူဒါန်းကြပါမည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ‌ကောင်းမြတ်‌သော လုပ်ရပ်များပြုလုပ်ကြ‌သော သူ‌တော်‌ကောင်းများထဲတွင် တကယ်ပါဝင်ကြပါမည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek