×

အလ္လာဟ်အရှင်မြတ်သည် (အမှန်တရားသစ္စာနှင့်ပတ်သက်၍) သူတို့၏ထိမ်ချန်ဖုံးကွယ်မှုများနှင့် (အချင်း ချင်းသီးခြားတွေ့ဆုံ၍) လျှို့ဝှက်စွာ တိုင်ပင်ကြံစည်မှုများကို အကြွင်းမဲ့ အကုန်စင် သိတော်မူနေကြောင်း သူတို့ မသိကြလေသလော။ 9:78 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:78) ayat 78 in Burmese

9:78 Surah At-Taubah ayat 78 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 78 - التوبَة - Page - Juz 10

﴿أَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ يَعۡلَمُ سِرَّهُمۡ وَنَجۡوَىٰهُمۡ وَأَنَّ ٱللَّهَ عَلَّٰمُ ٱلۡغُيُوبِ ﴾
[التوبَة: 78]

အလ္လာဟ်အရှင်မြတ်သည် (အမှန်တရားသစ္စာနှင့်ပတ်သက်၍) သူတို့၏ထိမ်ချန်ဖုံးကွယ်မှုများနှင့် (အချင်း ချင်းသီးခြားတွေ့ဆုံ၍) လျှို့ဝှက်စွာ တိုင်ပင်ကြံစည်မှုများကို အကြွင်းမဲ့ အကုန်စင် သိတော်မူနေကြောင်း သူတို့ မသိကြလေသလော။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိတို့၏အသိအမြင် ပြင်ပတွင် ဖုံးကွယ်လျက် ရှိနေသော) စက္ခုလွန်များကိုပင် အကြွင်းမဲ့ သိနေတော်မူသောအရှင်ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ألم يعلموا أن الله يعلم سرهم ونجواهم وأن الله علام الغيوب, باللغة البورمية

﴿ألم يعلموا أن الله يعلم سرهم ونجواهم وأن الله علام الغيوب﴾ [التوبَة: 78]

Ba Sein
၇၈။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ နက်နဲလျှို့ဝှက်ခြင်း၊ တိတ်တဆိတ်တိုင်ပင်ခြင်း၊ နှစ်ခုလုံးကိုသော်လည်း ကောင်း၊ မျက်စိမမြင်ရသောအရာများကိုသော်လည်းကောင်း၊ အကြွင်းမဲ့သိမြင်တော်မူသည်ကို သူတို့မသိကြ သလော။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ လျှို့ဝှက်ချက်ကိုလည်းကောင်း၊ ထိုသူတို့၏လျှို့ဝှက် နှီးနှောချက်ကိုလည်းကောင်း မလွဲဧကန် သိရှိတော်မူသည်ကို ယင်းသူတို့သည် မသိကြလေသလော။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖုံးကွယ်လျက်ရှိသည်တို့ကို ကောင်းစွာသိတော်မူသောအရှင်မြတ်ဖြစ်တော်မူသည် (ကိုလည်း ၎င်းတု့ိသည် မသိကြလေသလော)။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် သူတို့၏လျှို့ဝှက်ချက်နှင့် သူတို့၏လျှို့ဝှက်တိုင်ပင်မှုကို အမှန်စင်စစ် သိရှိ‌တော်မူသည်ကို သူတို့သည် မသိကြသ‌လော။ ၎င်းပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကွယ်မှ အရာအားလုံးကို အလွန်သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်(ကိုလည်း သူတို့သည် မသိကြသ‌လော)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek