Quran with Burmese translation - Surah At-Taubah ayat 81 - التوبَة - Page - Juz 10
﴿فَرِحَ ٱلۡمُخَلَّفُونَ بِمَقۡعَدِهِمۡ خِلَٰفَ رَسُولِ ٱللَّهِ وَكَرِهُوٓاْ أَن يُجَٰهِدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِ وَقَالُواْ لَا تَنفِرُواْ فِي ٱلۡحَرِّۗ قُلۡ نَارُ جَهَنَّمَ أَشَدُّ حَرّٗاۚ لَّوۡ كَانُواْ يَفۡقَهُونَ ﴾
[التوبَة: 81]
﴿فرح المخلفون بمقعدهم خلاف رسول الله وكرهوا أن يجاهدوا بأموالهم وأنفسهم في﴾ [التوبَة: 81]
Ba Sein ၈၁။ ကျန်ရစ်ခဲ့သောသူများသည် အလ္လာဟ်၏ တမန်တော်၏ နောက်ကွယ်၌ အေးအေးဆေးဆေးထိုင်နေရခြင်း၌ ဝမ်းမြောက်ကြ၏။သူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်ဝယ် မိမိတို့အသက်စည်းစိမ်ဥစ္စာပစ္စည်းများနှင့် ကြိုးစားခြင်းကို မနှစ်သက်ကြပေ။ထို့အပြင်သူတို့က နေပူထဲတွင် ထွက်မသွားကြလင့်ဟု ဆိုကြ၏။သင်ဟော ကြားလော့။ငရဲ၏ အပူရှိန်သည် သာ၍ ပြင်းထန်၏။သူတို့သိလျှင် ကောင်းလေစွ။ |
Ghazi Mohammad Hashim (စစ်မြေပြင်သို့ မလိုက်ပါပဲ) နောက် ကျန်ရစ်ခဲ့ကြသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်(ကြွသွားတော်မူပြီး)နောက်တွင် မိမိတို့ ထိုင်နေရစ်ခဲ့ကြရသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန် များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို စက်ဆုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး) အသင်တို့သည် (ဤမျှပြင်းထန်လှသော) အပူရှိန်တွင် (နေအိမ်မှ) မထွက်ကြကုန်လင့်ဟု ပြောဆိုခဲ့ကြ၏။(အို-နဗီ တမန်တော်) အသင်သည် (၎င်းတို့အား) ဂျဟန္နမ်ငရဲဘုံ၏မီးသည် အပူရှိန်အားဖြင့် ပိုမို၍ပင် ပြင်းထန်လှပေသည်ဟု ပြောဆိုပါလေ။ အကယ်၍ ၎င်းတို့သည် သိမြင်နားလည်သည် ဖြစ်ကြပါလျှင်၊ ကောင်းလေစွ။ |
Hashim Tin Myint (သဗူက်စစ်ပွဲကို မလိုက်ဘဲ)နောက်ကျန်ရစ်ခဲ့ကြသောသူများသည်* အလ္လာဟ်အရှင်မြတ်၏ တမန်တော့်နောက်၌ သူတို့ ထိုင်နေရစ်ခဲ့ကြသည့်အတွက် ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သူတို့၏ပစ္စည်းများ၊ အသက်များနှင့် စစ်တိုက်ရခြင်းကို မလိုလားခဲ့ကြပေ။ ထို့ပြင် သူတို့သည် (သူတို့ အချင်းချင်း) “အသင်တို့သည် အပူရှိန်ထဲသို့ မထွက်ကြနှင့်“ဟု* ပြောဆိုခဲ့ကြသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- “ဂျဟန္နမ်ငရဲဘုံ၏မီးသည် ပို၍ပူသည်။“ အကယ်၍ သူတို့သည် သိမြင်နားလည်ကြလျှင် ကောင်းလေစွ။ |