×

သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (စစ်ပွဲတွင်မပါဝင်ရန် သူတို့၏အခက်အခဲကို တင်ပြ၍) ကင်းလွတ်ခွင့်တောင်းခံလျက် (ရိုးသားစွာ) ဆင်ခြေပေးကြသူများနှင့်အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ အရှင့်ရစူလ်တမန်တော်နှင့်စပ်လျဉ်း၍လည်းကောင်း၊ မဟုတ်မမှန် လိမ်လည်စွပ်စွဲ 9:90 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:90) ayat 90 in Burmese

9:90 Surah At-Taubah ayat 90 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 90 - التوبَة - Page - Juz 10

﴿وَجَآءَ ٱلۡمُعَذِّرُونَ مِنَ ٱلۡأَعۡرَابِ لِيُؤۡذَنَ لَهُمۡ وَقَعَدَ ٱلَّذِينَ كَذَبُواْ ٱللَّهَ وَرَسُولَهُۥۚ سَيُصِيبُ ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابٌ أَلِيمٞ ﴾
[التوبَة: 90]

သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (စစ်ပွဲတွင်မပါဝင်ရန် သူတို့၏အခက်အခဲကို တင်ပြ၍) ကင်းလွတ်ခွင့်တောင်းခံလျက် (ရိုးသားစွာ) ဆင်ခြေပေးကြသူများနှင့်အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ အရှင့်ရစူလ်တမန်တော်နှင့်စပ်လျဉ်း၍လည်းကောင်း၊ မဟုတ်မမှန် လိမ်လည်စွပ်စွဲ ၍ မုသားပြောကြလျက် (စစ်ပွဲတွင် မပါဝင်ဘဲ) ကျန်ရစ်နေခဲ့ကြသူတို့သည် အသင် (တမန်တော်) ထံ (စစ်ချီ ကင်းလွတ်ခွင့်တောင်းခံရန်) ရောက်လာခဲ့ကြ၏။ သူတို့အနက်မှ မယုံကြည်ဖီဆန်ငြင်းပယ်သူတို့ကို မကြာမီပင် ပြင်းပြ နာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ပေး၍ အရေးယူလိမ့်မည်။

❮ Previous Next ❯

ترجمة: وجاء المعذرون من الأعراب ليؤذن لهم وقعد الذين كذبوا الله ورسوله سيصيب, باللغة البورمية

﴿وجاء المعذرون من الأعراب ليؤذن لهم وقعد الذين كذبوا الله ورسوله سيصيب﴾ [التوبَة: 90]

Ba Sein
၉၀။ အာရဗ်လူမျိုးတောသားများအနက် အကြောင်းပြစရာရှိသောသူများသည် ချမ်းသာခွင့်တောင်းရန် လာကြ၏။အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို လိမ်သောသူတို့သည် အိမ်တွင် ထိုင်နေကြ၏။သူတို့အနက် မယုံကြည်သူတို့အပေါ်သို့ အလွန်ကြီးလေးသောအပြစ်ဒဏ်တော်ဆိုက်ရောက်လာလိမ့်မည်။
Ghazi Mohammad Hashim
စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သောသူတို့အနက်မှ လိမ်လည်၍ အကြောင်းပြ သောသူတို့သည် မိမိတို့ခွင့်ပြုခြင်းခံကြရန်(အသင့်ထံသို့) လာခဲ့ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊မုသားပြောဆိုခဲ့သောသူတို့မူကား (လိမ်လည်၍ အကြောင်းပြရန်ပင်မလာကြဘဲ) ထိုင်၍ပင် နေရစ်ခဲ့ကြကုန်၏။ ၎င်းတို့အနက် ကာဖိရ် သွေဖည်ငြင်းပယ်ကြသောသူတို့၌ နာကျင်စေသောပြစ်ဒဏ်သည် မကြာမြင့်မီပင် ဆိုက်ရောက်ပေလိမ့်မည်ဖြစ်သတည်း။
Hashim Tin Myint
ထို့‌နောက် ‌ကျေးလက်‌ဒေသတွင် ‌နေထိုင်ကြသူများထဲမှ လိမ်လည်အ‌ကြောင်းပြ‌သောသူများသည် သူတို့ ခွင့်ပြုခြင်းခံရရန် (အသင့်ထံသို့)လာခဲ့ကြသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို မုသား‌ပြောဆိုခဲ့ကြ‌သောသူများကမူ (လိမ်ပြီးပင် အ‌ကြောင်းပြရန် မလာကြဘဲ)ထိုင်သာ‌နေခဲ့ကြသည်။ သူတို့ထဲမှ ကာဖိရ်ငြင်းပယ်‌သောသူများတွင် နာကျင်‌စေ‌သော ပြစ်ဒဏ်သည် မကြာမီ ဆိုက်‌ရောက်မည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek