Quran with Burmese translation - Surah AT-Talaq ayat 5 - الطَّلَاق - Page - Juz 28
﴿ذَٰلِكَ أَمۡرُ ٱللَّهِ أَنزَلَهُۥٓ إِلَيۡكُمۡۚ وَمَن يَتَّقِ ٱللَّهَ يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُعۡظِمۡ لَهُۥٓ أَجۡرًا ﴾
[الطَّلَاق: 5]
﴿ذلك أمر الله أنـزله إليكم ومن يتق الله يكفر عنه سيئاته ويعظم﴾ [الطَّلَاق: 5]
Ba Sein ၅။ ဤပညတ်တော်သည် အလ္လာဟ်အရှင်မြတ်က သင်တို့ထံ ချပေးသနားတော်မူသောနှုတ်ကပတ်တော်ဖြစ်၏၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်အံ့၊ အရှင်မြတ်သည် ထိုသူ၏ အပြစ်များကို ခွင့်လွှတ်တော်မူ၍ ထိုသူအတွက် ဆုတော်ကို ကြီးမားစေတော်မူလိမ့်မည်။ |
Ghazi Mohammad Hashim ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်၊ ထိုအရှင်မြတ်သည် ယင်းအမိန့်တော်ကို အသင်တို့ထံ ချပေးတော်မူခဲ့၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုအရှင်မြတ်သည် ထိုသူ၏ပြစ်မှုဒုစရိုက်များကို ထိုသူမှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး ထိုသူ၏ အကျိုးကျေးဇူးကို ကြီးကျယ်စေတော်မူအံ့သတည်း။ |
Hashim Tin Myint ဤသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထိုအမိန့်တော်ကို အသင်တို့ထံချပေးတော်မူခဲ့သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လျှင်အရှင်မြတ်သည်သူ၏ မကောင်းမှုများကို သူ၏ထံမှ ပပျောက်စေတော်မူမည့်အပြင် သူ၏ အကျိုးရလဒ်ကို ကြီးကျယ်စေတော်မူမည်။ |