Quran with Burmese translation - Surah Al-Insan ayat 8 - الإنسَان - Page - Juz 29
﴿وَيُطۡعِمُونَ ٱلطَّعَامَ عَلَىٰ حُبِّهِۦ مِسۡكِينٗا وَيَتِيمٗا وَأَسِيرًا ﴾
[الإنسَان: 8]
﴿ويطعمون الطعام على حبه مسكينا ويتيما وأسيرا﴾ [الإنسَان: 8]
Ba Sein ၈။ ထိုသူတော်စင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြည်ညိုလေးမြတ်သောသဘောဖြင့် သူဆင်းရဲမိဘမဲ့နှင့် သုံ့ပန်း တို့ကို ကျွေးမွေးကြ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ထိုသူတို့သည် အစားအစာကို ခုံမင်စုံမက်ကြလျက်နှင့်ပင် ထိုအရှင်မြတ်အား ချစ်ကြည်မြတ်နိုးသောကြောင့် သူဆင်းရဲတို့အားလည်းကောင်း၊ ဘမဲ့ကလေးသူငယ်တို့အားလည်းကောင်း၊ သုံ့ပန်းတို့အားလည်းကောင်း၊ ကျွေးမွေးကြကုန်၏။ |
Hashim Tin Myint ထို့ပြင် ထိုသူများသည် အရှင်မြတ်ကို ချစ်မြတ်နိုးမှုအပေါ်တွင် (သို့မဟုတ်)အစားအစာကို မက်မောမှုအပေါ်တွင် ဆင်းရဲသားများ၊ အဘမဲ့ကလေးများနှင့် သုံ့ပန်းများကို ကျွေးမွေးကြသည်။ |