Quran with Burmese translation - Surah Yunus ayat 107 - يُونس - Page - Juz 11
﴿وَإِن يَمۡسَسۡكَ ٱللَّهُ بِضُرّٖ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يُرِدۡكَ بِخَيۡرٖ فَلَا رَآدَّ لِفَضۡلِهِۦۚ يُصِيبُ بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦۚ وَهُوَ ٱلۡغَفُورُ ٱلرَّحِيمُ ﴾
[يُونس: 107]
﴿وإن يمسسك الله بضر فلا كاشف له إلا هو وإن يردك بخير﴾ [يُونس: 107]
Ba Sein ၁ဝ၇။ အကယ်၍အလ္လာဟ်အရှင်မြတ်သည် သင့်အား ဘေးဒုက္ခတစုံတရာထိစေတော်မူလျှင် အရှင်မြတ်မှတပါး ထိုဘေး ကို ဖယ်ရှားနိုင်သူမရှိချေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင့်အား ကောင်းကြီးမင်္ဂလာပေးလိုတော်မူ ပါလျှင်၊ အရှင်မြတ်၏ ကျေးဇူးတော်ကို တားဆီးနိုင်သူမရှိချေ။ အရှင်မြတ်သည် မိမိ၏ ကျေးတော်မျိုးကျွန်တော် မျိုးတို့အနက် အလိုရှိတော်မူသောသူကို ကျေးဇူးပြုတော်မူ၏။ အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ကောင်း ကြီးမင်္ဂလာပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ အကယ်၍ ထိုအရှင်မြတ်သည်အသင့်၌ တစ်စုံတစ်ရာသော အကျိုးကျေးဇူးတော်ကို (ဖြစ်ထွန်းစေ ရန်) ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်၏ ကျေးဇူး တော်ကို တွန်းလှန်ပယ်ရှားနိုင်သူလည်း တစ်ဦး တစ်ယောက်မျှပင်မရှိချေ။ ထိုအရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူ၌ ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ စင်စစ်တစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်အား အန္တရာယ်တစ်စုံတစ်ခု သက်ရောက်စေတော်မူလျှင် ထိုအရာကို အရှင်မြတ်မှလွဲ၍ ဖယ်ရှားပေးမည့်သူ မည်သူမျှရှိမည် မဟုတ်ပေ။ ၎င်းနောက် အကယ်၍ အရှင်မြတ်သည် အသင့်အား အကျိုးကျေးဇူးတစ်စုံတစ်ခုပြုရန် ရည်ရွယ်တော်မူလျှင် အရှင်မြတ်၏ကျေးဇူးကို မည်သူမျှဖယ်ရှားနိုင်မည် မဟုတ်ပေ။ အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ မိမိအလိုရှိသောသူကို ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |