×

အလ္လာဟ်အရှင်မြတ်မှလွဲ၍ သင့်အား ကောင်းကျိုး၊ ဆိုးကျိုး မပေးနိုင်သော (အကျိုးအမြတ်နှင့်ထိခိုက် နစ်နာမှု မဖြစ်စေနိုင်သော) အခြားအရာများကို ဟစ်ခေါ်တမ်းတ၍ ယင်းတို့ထံ ဆုတောင်းပန်ကြားမှု 10:106 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:106) ayat 106 in Burmese

10:106 Surah Yunus ayat 106 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 106 - يُونس - Page - Juz 11

﴿وَلَا تَدۡعُ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكَ وَلَا يَضُرُّكَۖ فَإِن فَعَلۡتَ فَإِنَّكَ إِذٗا مِّنَ ٱلظَّٰلِمِينَ ﴾
[يُونس: 106]

အလ္လာဟ်အရှင်မြတ်မှလွဲ၍ သင့်အား ကောင်းကျိုး၊ ဆိုးကျိုး မပေးနိုင်သော (အကျိုးအမြတ်နှင့်ထိခိုက် နစ်နာမှု မဖြစ်စေနိုင်သော) အခြားအရာများကို ဟစ်ခေါ်တမ်းတ၍ ယင်းတို့ထံ ဆုတောင်းပန်ကြားမှု မပြုလေနှင့်။ အကယ်၍ ပြုလေသော် (သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ကို ဖီဆန်လျက် မိမိကိုယ်တိုင် ပြစ်မှုကြီး ကျူးလွန်သူဖြစ်မည်။) ထိုအခါ သင်သည် ဧကန်ပင်၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မမှန်မကန် ပြုလုပ်သူများတွင် အပါအဝင် ဖြစ်လိမ့်မည်။

❮ Previous Next ❯

ترجمة: ولا تدع من دون الله ما لا ينفعك ولا يضرك فإن فعلت, باللغة البورمية

﴿ولا تدع من دون الله ما لا ينفعك ولا يضرك فإن فعلت﴾ [يُونس: 106]

Ba Sein
၁ဝ၆။ အကျိုးအပြစ်မပေးစွမ်းနိုင်သောဘုရားတုဘုရားယောင်များကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ဝတ်ပြုပန်ထွာခြင်း မပြုလင့်။ ပြုလျှင် သင်သည် ပြစ်မှုကျုးလွန်သူတို့အထဲတွင် အပါအဝင်ဖြစ်ချေမည်။
Ghazi Mohammad Hashim
၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိအား အကျိုးလည်းမဖြစ်ထွန်းစေနိုင်သော အကျိုးယုတ်စေခြင်းကိုလည်း မပြုနိုင်စွမ်းနိုင်သော အရာများကို ဟစ်ခေါ်ခြင်း မပြုပါလေနှင့်။ တစ်ဖန် အကယ်၍ အသင်သည်ပြုမိခဲ့ပါသော် ဧကန်စင်စစ် အသင်သည် ထိုသို့ပြုမိသောကြောင့် (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက် ညှဉ်းပန်းသူတို့တွင်အပါအဝင် ဖြစ်သွားပေမည်(ဟူ၍လည်း အမိန့်တော်ရရှိ၏။)
Hashim Tin Myint
ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အပြင် အသင့်အား အကျိုးမပြုနိုင်‌သောအရာနှင့် နစ်နာမှုမပြုနိုင်‌သောအရာများကို ဟစ်‌ခေါ်ခြင်း မပြု‌လေနှင့်။ ထို့‌နောက် အကယ်၍ အသင်သည် ပြုမိခဲ့လျှင် အမှန်စင်စစ် အသင်သည် ထိုသို့ပြုမိခြင်း‌ကြောင့် (အသင်၏ကိုယ်ကို အသင်)နှိပ်စက်သူများထဲ၌ အပါအဝင်ဖြစ်သွားမည်(ဟုလည်း အမိန့်‌တော်ရရှိသည်)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek