Quran with Burmese translation - Surah Yunus ayat 108 - يُونس - Page - Juz 11
﴿قُلۡ يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلۡحَقُّ مِن رَّبِّكُمۡۖ فَمَنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيۡهَاۖ وَمَآ أَنَا۠ عَلَيۡكُم بِوَكِيلٖ ﴾
[يُونس: 108]
﴿قل ياأيها الناس قد جاءكم الحق من ربكم فمن اهتدى فإنما يهتدي﴾ [يُونس: 108]
Ba Sein ၁ဝ၈။ ဟောကြားလော့၊ အို-လူသားအပေါင်းတို့၊ သင်တို့၏ ကျေးဇူးတော်သခင်အထံတော်မှ သင်တို့ထံသို့ သမ္မာတရား တော် ယခုကျရောက်လာပြီ။ ထို့ကြောင့်အကြင်သူသည် လမ်းမှန်ကို ရရှိ၏။ ထိုသူသည် မိမိ၏ ဝိညာဉ်ကောင်းစား ဖို့ရာ လမ်းမှန်ကို ရ၏။ အကြင်သူသည် လမ်းမှားသို့ ရောက်၏။ ထိုသူသည် မိမိ၏ ဝိညာဉ်နစ်နာဖို့သာ လမ်းမှားကို ရောက်၏။ အကျွနု်ပ်သည် သင်တို့ကို ထိန်းသိမ်းအုပ်ချုပ်ရသူမဟုတ်ချေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (ဤသို့တစ်ဖန်) ပြောကြားပါလေ။ အို-လူအပေါင်းတို့၊ အမှန်စင်စစ်အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာခဲ့လေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုတရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအကျိုးငှာ တရားလမ်းမှန်ကိုရရှိခဲ့သည်ပင်။ ထိုနည်းတူစွာ မည်သူမဆို လမ်းမှားခဲ့ပါမူထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့သည်ပင်။စင်စစ် ငါသည် အသင်တို့အပေါ်၌ တာဝန်ခံ မဟုတ်ချေတကား။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အို- လူသားအပေါင်းတို့၊ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အမှန်တရား*ရောက်ရှိလာပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို တရားလမ်းမှန်ကိုရရှိခဲ့လျှင် ထိုသူသည် သူ၏အကျိုးအတွက် လမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် မည်သူမဆို လမ်းမှားခဲ့လျှင်လည်း ထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်ပြီး (မိမိအကျိုးယုတ်စေရန်) လမ်းမှားခဲ့ခြင်းပင်ဖြစ်သည်။ ၎င်းနောက် ငါသည် အသင်တို့အပေါ်တွင် တာဝန်ခံမဟုတ်ပေ။ |