Quran with Burmese translation - Surah Yunus ayat 16 - يُونس - Page - Juz 11
﴿قُل لَّوۡ شَآءَ ٱللَّهُ مَا تَلَوۡتُهُۥ عَلَيۡكُمۡ وَلَآ أَدۡرَىٰكُم بِهِۦۖ فَقَدۡ لَبِثۡتُ فِيكُمۡ عُمُرٗا مِّن قَبۡلِهِۦٓۚ أَفَلَا تَعۡقِلُونَ ﴾
[يُونس: 16]
﴿قل لو شاء الله ما تلوته عليكم ولا أدراكم به فقد لبثت﴾ [يُونس: 16]
Ba Sein ၁၆။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် အကျွနု်ပ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို သင်တို့အား ဖတ်ပြဟောပြောမည်မဟုတ်ပေ။ သို့မဟုတ်အရှင်မြတ်သည် သင်တို့အား ကျမ်းတော်မြတ်ကို သိစေတော်မူလေမည်မဟုတ်ပေ။ အကျွနု်ပ်သည် ကုရ်အာန်ကျမ်းတော်မြတ်မကျရောက်လာမီ၊ သင်တို့နှင့်အတူ တကွ တစ်သက်လုံးနေခဲ့ပြီးဖြစ်သည်။ သင်တို့၌ အသိဉာာဏ်မရှိကြသလော။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပလေ။ (ဟယ်-အချင်းတို့)အကယ်၍အလ္လာဟ်အရှင်မြတ်သည် (ဤအတိုင်း) အလိုရှိတော်မူခဲ့ပါလျှင် ငါသည်လည်း ထို (ကုရ်အာန်) ကို အသင်တို့ရှေ့ဝယ် ဖတ်ကြားနိုင်မည်မဟုတ်။ ထိုအရှင်မြတ်သည်လည်း အသင်တို့အား ယင်း(ကုရ်အာန်)နှင့်စပ်လျင်း၍ အသိပေးတော်မူမည်မဟုတ်။ တစ်ဖန်ဧကန်စင်စစ် ငါသည် ထို(ကုရ်အာန်)မကျရောက်မီ အလျင်ကလည်း အသင်တို့အထဲတွင် တစ်သက်တာမျှ နေခဲ့ပြီး ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည် နားမလည်ကြလေသလော။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- “အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့လျှင် ငါသည်လည်း ထိုကုရ်အာန်ကို အသင်တို့ရှေ့၌ ဖတ်ကြားနိုင်မည် မဟုတ်ပေ။ အရှင်မြတ်သည်လည်း အသင်တို့အား ထိုကုရ်အာန်နှင့်ပတ်သက်၍ အသိပေးတော်မူမည် မဟုတ်ပေ။ ၎င်းနောက် အမှန်စင်စစ် ငါသည် ထို(ကုရ်အာန်မကျရောက်မီ) ယခင်ကလည်း အသင်တို့ထဲ၌ တစ်သက်တာနေခဲ့ပြီးဖြစ်သည်။* ဤမျှပင် အသင်တို့ နားမလည်ကြလေသလော။ |