×

အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မုသားများကို လုပ်ကြံလီဆယ်လျက် အရှင့်အပေါ်စွပ်စွဲသူ သို့မဟုတ် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန် စွပ်စွဲ၍ ငြင်းပယ်သူထက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား 10:17 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:17) ayat 17 in Burmese

10:17 Surah Yunus ayat 17 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 17 - يُونس - Page - Juz 11

﴿فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡمُجۡرِمُونَ ﴾
[يُونس: 17]

အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မုသားများကို လုပ်ကြံလီဆယ်လျက် အရှင့်အပေါ်စွပ်စွဲသူ သို့မဟုတ် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန် စွပ်စွဲ၍ ငြင်းပယ်သူထက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုလုပ်သူ မည်သူ ရှိမည်နည်း။ ဧကန်ပင်၊ ရာဇဝတ်မှု ကျူးလွန်သူများသည် အလျှင်း ပေါက်မြောက်အောင်မြင်ကြလိမ့်မည် မဟုတ်ချေ။

❮ Previous Next ❯

ترجمة: فمن أظلم ممن افترى على الله كذبا أو كذب بآياته إنه لا, باللغة البورمية

﴿فمن أظلم ممن افترى على الله كذبا أو كذب بآياته إنه لا﴾ [يُونس: 17]

Ba Sein
၁၇။ အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မဟုတ်မမှန်လုပ်ကြံပြောသောအရှင်မြတ်၏ တရားတော်များကို ငြင်းပယ်သော ပြစ်မှုကို ကျူးလွန်သူထက် အဘယ်သူသည် သာလွန်ကြီးမားသောဒုစရိုက်မှုကို ကျူးကျော်သနည်း၊ မှတ်သား ကြလော့၊ အပြစ်ရှိသူတို့သည် အဘယ်သောအခါမှ အောင်မြင်ကြလိမ့်မည်မဟုတ်ပေ။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ အကြင်သူထက် ပိုမို၍ မတရားသောသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို ကြံဖန်လီဆယ်၍ စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့လေသည်။ ဧကန် စင်စစ် ပြစ်မှုကျူးလွန်သူတို့သည် အောင်မြင်မှုအလျင်းရရှိကြမည် မဟုတ်ပေတကား။
Hashim Tin Myint
သို့ဖြစ်ရာ အကြင်သူထက်ပိုပြီး မတရားသူ မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲခဲ့သည်။ သို့မဟုတ် ထိုသူသည် အရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့သည်။ အမှန်စင်စစ် အပြစ်ကျူးလွန်သူများသည် ‌အောင်မြင်ကြမည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek