Quran with Burmese translation - Surah Yunus ayat 49 - يُونس - Page - Juz 11
﴿قُل لَّآ أَمۡلِكُ لِنَفۡسِي ضَرّٗا وَلَا نَفۡعًا إِلَّا مَا شَآءَ ٱللَّهُۗ لِكُلِّ أُمَّةٍ أَجَلٌۚ إِذَا جَآءَ أَجَلُهُمۡ فَلَا يَسۡتَـٔۡخِرُونَ سَاعَةٗ وَلَا يَسۡتَقۡدِمُونَ ﴾
[يُونس: 49]
﴿قل لا أملك لنفسي ضرا ولا نفعا إلا ما شاء الله لكل﴾ [يُونس: 49]
Ba Sein ၄၉။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်အလိုတော်အားဖြင့်မှတပါး၊ အကျွနု်ပ်သည် မိမိကိုယ်ကို တစုံတရာအကျိုး အပြစ်မပေးနိုင်ချေ။ လူမျိုးတိုင်းအတွက် ပြဋ္ဌာန်းထားသောအချိန်ရှိ၏။ သူတို့အတွက် အချိန်ကျရောက်လာသော အခါ သူတို့သည် ထိုအချိန်ကို တနာရီရှေ့တိုးနောက်ဆုတ်မပြုစွမ်းနိုင်ကြချေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော အရေးကိစ္စမှတစ်ပါး မိမိကိုယ်နှင့် ပတ်သက်၍မည်သည့်ကျိုးယုတ်၊ ဆုံးရှုံးစေခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည် မဟုတ်ပေ။ လူမျိုးတိုင်းတွင် သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလသည်ရှိ၏။ ၎င်း တို့၏ သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလ ရောက်ရှိလာသောအခါ ၎င်း တို့သည်တစ်နာရီခန့်မျှပင် ရွှေ့ဆိုင်းနိုင်ကြသည်လည်း မဟုတ်၊။စောနိုင်ကြသည်လည်း မဟုတ်ချေ။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- “ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောကိစ္စမှလွဲ၍ ငါ့အတွက် မည်သည့်ဆုံးရှုံးနစ်နာစေမှုနှင့် အကျိုးဖြစ်ထွန်းစေမှုမှ ပိုင်ဆိုင်သည် မရှိပေ။ လူမျိုးတိုင်း၌ သတ်မှတ်ထားသောအချိန်ကာလတစ်ခုရှိသည်။ သူတို့၏အချိန်သတ်မှတ်ချိန်ရောက်လာသောအခါ သူတို့သည် တစ်ခဏ(တစ်နာရီ)မျှပင် ရွှေ့ဆိုင်းနိုင်ကြသည် မဟုတ်ပေ၊ ရှေ့တိုးနိုင်ကြသည်လည်း မဟုတ်ပေ။ |