Quran with Burmese translation - Surah Yunus ayat 60 - يُونس - Page - Juz 11
﴿وَمَا ظَنُّ ٱلَّذِينَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَ يَوۡمَ ٱلۡقِيَٰمَةِۗ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَشۡكُرُونَ ﴾
[يُونس: 60]
﴿وما ظن الذين يفترون على الله الكذب يوم القيامة إن الله لذو﴾ [يُونس: 60]
Ba Sein ၆၀။ အလ္လာဟ်အရှင်မြတ်အား အလွဲသုံးစားသောသူတို့သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ မိမိတို့သည် မည်သည့်အခြေသို့ ဆိုက်ရောက်ရကြမည်ကို သူတို့တွေးတောကြပြီလော၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင် မြတ်သည် လူသားတို့အား မုချဧကန်ပေးကမ်းစွန့်ကြဲတော်မူ၏။ သို့သော်သူတို့အနက် များလှစွာသောသူတို့သည် ကျေးဇူးမတင်ကြချေ။ |
Ghazi Mohammad Hashim ထိုု့ပြင်အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြကုန်သော သူတို့၏ ထင်မြင်ယူဆချက်သည်ကိယာမသ်ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ မည်သို့ရှိပါသနည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်၌အမှန်ပင် ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသည်။ သို့ရာတွင်၎င်း တို့ အနက်အများဆုံးသော သူတို့မူကား ကျေးဇူးတော်ကိုမသိတတ်ကြချေ။ |
Hashim Tin Myint ထို့ပြင် ကိယာမသ်ရှင်ပြန်ထရမည့်နေ့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင် လုပ်ကြံ စွပ်စွဲကြသူများ၏ထင်မြင် ယူဆချက်သည် မည်သို့ရှိသနည်း။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများအပေါ်တွင် အမှန်ပင် ကျေးဇူးပြုတော်မူသောအရှင် ဖြစ်တော်မူသည်။* သို့ရာတွင် သူတို့ထဲမှ အမြောက်အမြားသည် ကျေးဇူးတော်ကို မသိကြပေ။ |