Quran with Burmese translation - Surah Yunus ayat 61 - يُونس - Page - Juz 11
﴿وَمَا تَكُونُ فِي شَأۡنٖ وَمَا تَتۡلُواْ مِنۡهُ مِن قُرۡءَانٖ وَلَا تَعۡمَلُونَ مِنۡ عَمَلٍ إِلَّا كُنَّا عَلَيۡكُمۡ شُهُودًا إِذۡ تُفِيضُونَ فِيهِۚ وَمَا يَعۡزُبُ عَن رَّبِّكَ مِن مِّثۡقَالِ ذَرَّةٖ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ وَلَآ أَصۡغَرَ مِن ذَٰلِكَ وَلَآ أَكۡبَرَ إِلَّا فِي كِتَٰبٖ مُّبِينٍ ﴾
[يُونس: 61]
﴿وما تكون في شأن وما تتلو منه من قرآن ولا تعملون من﴾ [يُونس: 61]
Ba Sein ၆၁။ သင်မိုဟမ္မဒ်သခင်သည် မည်သည့်အမှုအခင်းကို ဆောင်ရွက်နေသော်လည်း ကုရ်အာန်ကျမ်းတော်မြတ်၏ မည်သည့်အစိတ်အပိုင်းကို ရွတ်ဖတ်ဟောကြားနေသော်လည်းကောင်း၊ လူသားတို့မည်သည်ကို လုပ်ကိုင်နေသော် လည်းကောင်း၊ ငါအရှင်မြတ်သည် သင်တို့စိတ်ဝင်စားစွာပြုလုပ်နေကြသောအခါ သင်တို့၏ သက်သေတော်ဖြစ်၏။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် အဏုမြူပမာသေးငယ်သောအရာကိုပင်လျှင် သင်၏ ကျေးဇူးတော်သခင် ထံမှ ဖုံးကွယ်ဝှက်ထား၍ မရနိုင်ချေ။ ထိုအရာထက်သေးငယ်သောအရာ(သို့မဟုတ်)ထိုအရာထက်ကြီးသော အရာအားလုံးတို့ကို ထင်ရှားသောမှတ်ပုံတင်စာအုပ်၌ မှတ်သားထား၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် မည်သည့်အခြေအနေ၌မဆို ရှိနေသည်ကိုလည်းကောင်း၊ ထို အခြေအနေတွင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်လျက် ရှိနေသည်ကိုလည်းကောင်း၊ အသင်တို့သည်မည်သည့် အလုပ်မျိုးကိုမဆို ပြုလုပ်လျက် ရှိနေကြသည်ကိုလည်းကောင်း၊ အသင်တို့ ထိုကိစ္စကို အာရုံစိုက်၍ စတင်ဆောင်ရွက်ကြသောအချိန်အခါတွင် ငါအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အသိသက်သေ ဖြစ်တော်မူသည်သာတည်း။ စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ ရှိသည့်အနည်းငယ် စိုးစဉ်းမျှ(သောအရာဝတ္ထု)သည်ပင်လျှင် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏အသိ)မှ ပျောက်ကွယ်နေသည်မဟုတ်ပေ။ ထိုမှတစ်ပါးယင်း ထက်သေးငယ်သော(အရာဝတ္ထုသည်)လည်းကောင်း၊(ယင်းထက်)ကြီးသော(အရာဝတ္ထုသည်)လည်းကောင်း၊ ထင်ရှားစွာသော (မှတ်တမ်းတော်စာအုပ်တွင်ရေးသားပြီး)ရှိနေသည်သာတည်း။ |
Hashim Tin Myint ထို့ပြင် အသင်သည် မည်သည့်အခြေအနေတွင်ရှိသည်ဖြစ်စေ၊ အသင်သည် ကုရ်အာန်၏ မည်သည့်အပိုင်းကိုပင် ရွတ်ဖတ်နေသည်ဖြစ်စေ၊ ၎င်းနောက် အသင်တို့သည် မည်သည့်အလုပ်ကိုပင် လုပ်နေသည်ဖြစ်စေ၊ အသင်တို့သည် ထိုအလုပ်ထဲတွင် နစ်မွန်းနေသောအခါတွင် ငါအရှင်မြတ်သည် အသင်တို့အား မြင်နေတော်မူသည်။ ၎င်းနောက် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှ မြူမှုန်မျှအရာပင် ဖုံးကွယ်မနေပေ။ (ထိုမြူမှုန်သည်) ကမာ္ဘမြေ၌ဖြစ်စေ၊ မိုးကောင်းကင်၌ဖြစ်စေ၊ ထို(မြူမှုန်)ထက်သေးသည်ပင်ဖြစ်စေ၊ ကြီးသည်ပင်ဖြစ်စေ၊ (ထိုအရာသည်) ထင်ရှားသောစာအုပ်ကြီး (လောင်းဟွမ်မဟ်ဖူးဇွ်)ထဲ၌ (ရေးပြီးသား)ရှိနေသည်။ |