×

အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ချမှတ်ပေးအပ်တော်မူသည့် စားနပ်ရိက္ခာနှင့်လိုအပ်ချက်များ အနက်မှ မည်သည်ကို (စားသုံးခွင့်မရှိသော) တရားမဝင်သောအရာအဖြစ်လည်းကောင်း၊ မည်သည်ကို (စားသုံး ခွင့်ရှိသော) တရားဝင်သောအရာအဖြစ်လည်းကောင်း၊ 10:59 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:59) ayat 59 in Burmese

10:59 Surah Yunus ayat 59 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 59 - يُونس - Page - Juz 11

﴿قُلۡ أَرَءَيۡتُم مَّآ أَنزَلَ ٱللَّهُ لَكُم مِّن رِّزۡقٖ فَجَعَلۡتُم مِّنۡهُ حَرَامٗا وَحَلَٰلٗا قُلۡ ءَآللَّهُ أَذِنَ لَكُمۡۖ أَمۡ عَلَى ٱللَّهِ تَفۡتَرُونَ ﴾
[يُونس: 59]

အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ချမှတ်ပေးအပ်တော်မူသည့် စားနပ်ရိက္ခာနှင့်လိုအပ်ချက်များ အနက်မှ မည်သည်ကို (စားသုံးခွင့်မရှိသော) တရားမဝင်သောအရာအဖြစ်လည်းကောင်း၊ မည်သည်ကို (စားသုံး ခွင့်ရှိသော) တရားဝင်သောအရာအဖြစ်လည်းကောင်း၊ (သင်တို့အကျိုးငှာ) သတ်မှတ်၍ဖြစ်စေတော်မူကြောင်း (အရှင့်သတ်မှတ်ချက်များသည် သင်တို့၏စိတ်ကူးယဉ် အတွေးအမြင်ထက် ပိုကောင်းကြောင်း) ကို သင်တို့ (စေ့စေ့စပ်စပ် စဉ်းစား) ဆင်ခြင်၍ စီစစ်သုံးသပ်ကြည့်ကြပြီးပြီလော့။” ဟု မေးမြန်းလော့။ အလ္လာဟ်အရှင်မြတ်က သင်တို့ အတွက် (သင်တို့စားသုံးနေသော အရာများကို) ခွင့်ပြုပြီးပြီလော့။ သို့မဟုတ် (သင်တို့၏စိတ်ကူးယဉ် အတွေးအမြင်အပေါ်အခြေခံ၍ စားသုံးခြင်းဖြင့် ယင်းတို့ကို အရှင်မြတ်ခွင့်ပြုထားသည်ဟု) အလ္လာဟ်အရှင်မြတ်အပေါ် မဟုတ်မတရား၊ မမှန်မကန် လိမ်လည်စွပ်စွဲ၍ (အလွဲသုံးစားပြုရန်) လုပ်ကြံဖန်တီးနေခြင်းလော့။” ဟု မေးမြန်းလော့။

❮ Previous Next ❯

ترجمة: قل أرأيتم ما أنـزل الله لكم من رزق فجعلتم منه حراما وحلالا, باللغة البورمية

﴿قل أرأيتم ما أنـزل الله لكم من رزق فجعلتم منه حراما وحلالا﴾ [يُونس: 59]

Ba Sein
၅၉။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် မည်သည့်စားနပ်ရိက္ခာများကို ချပေးသနားတော် မူသည်။ ထိုရိက္ခာများကို သင်တို့သည် မည်သို့တရာတော်ဝင်အစား တရားတော်မဝင်မီအစား ပြုလုပ်ကြသည် တို့ကို သင်တို့ဆင်ခြင်ကြပြီလော။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အခွင့်ပြုတော်မူပြီ လော၊ သို့မဟုတ်သင်တို့သည် အလ္လာဟ်အရှင်မြတ်အား အလွဲသုံးစားကြသလော။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော စားနပ်ရိက္ခာတို့ကို၊ ထို(သို့ချပေးသနားတော်မူပြီး) နောက်တွင် အသင်တို့သည် ယင်းစားနပ်ရိက္ခာများ အနက်မှ အချို့ကိုဟရာမ်(စားပိုင်ခွင့်မရှိ)ဟူ၍လည်းကောင်း၊ အချို့ကိုဟလာလ(စားပိုင်ခွင့် ရှိသည်)ဟူ၍လည်းကောင်း၊ သတ်မှတ်ခဲ့ကြသည်ကို စေ့စေ့စဉ်းစား ဆင်ခြင်ပြီး ဖြစ်ကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့) ပြောဆိုမေးမြန်းပါလေ။ အသို့ပါနည်း၊အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ခွင့်ပြုတော် မူခဲ့ပါသလော၊ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် စွပ်စွဲကြလေသလော။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အကြင်အရာနှင့်ပတ်သက်၍ စဉ်းစားဆင်ခြင် ကြည့်ပြီးကြပြီ‌လော၊ ထိုအရာသည် အလ္လာဟ်အရှင်မြတ်က အသင်တို့အတွက် ချ‌ပေး‌တော်မူခဲ့‌သော ရိက္ခာဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာထဲမှ (အချို့ကို)ဟရာမ် စာသုံးပိုင်ခွင့်မရှိ၊ (အချို့ကို)ယလာလ် စားသုံးပိုင်ခွင့်ရှိသည်ဟု သတ်မှတ်ပြုလုပ်ခဲ့ကြသည်။* (အို- တမန်‌တော်)အသင်‌မေးမြန်းလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို (ဤသို့ ဟလာလ်၊ ဟရာမ် သတ်မှတ်ရန်)ခွင့်ပြုခဲ့သည်‌လော၊ သို့မဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲကြသည်‌လော။ (လုပ်ခွင့်မရှိသည်ကို ပြုလုပ်လျှင် အခွင့်ရှိသူဘက်မှ သတ်မှတ်သည်ဟု မယူဆနိုင်‌သော‌ကြောင့် စွပ်စွဲခြင်းသာဖြစ်၏။)
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek