Quran with Burmese translation - Surah Yunus ayat 98 - يُونس - Page - Juz 11
﴿فَلَوۡلَا كَانَتۡ قَرۡيَةٌ ءَامَنَتۡ فَنَفَعَهَآ إِيمَٰنُهَآ إِلَّا قَوۡمَ يُونُسَ لَمَّآ ءَامَنُواْ كَشَفۡنَا عَنۡهُمۡ عَذَابَ ٱلۡخِزۡيِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَمَتَّعۡنَٰهُمۡ إِلَىٰ حِينٖ ﴾
[يُونس: 98]
﴿فلولا كانت قرية آمنت فنفعها إيمانها إلا قوم يونس لما آمنوا كشفنا﴾ [يُونس: 98]
Ba Sein ၉၈။ ရှေးကာလက သုတ်သင်ရှင်းလင်းခြင်းခံရကြသောသူတို့အနက် တမန်တော်ယူနွတ်(စ်)သခင်၏ အသင်းသားတို့ ကဲ့သို့ ယုံကြည် ယုံကြည်မှုကြောင့် အကျိုးရှိသူအသင်းတစ်သင်းရှိလေလျှင်၊ တော်လေစွ။ သူတို့သည် ယုံကြည် ကြသောအခါ ဤလောက၌ အရှက်တကွဲဖြစ်သောဆင်းရဲဒုက္ခကို သူတို့ထံမှ ငါအရှင်မြတ်သည် ဖယ်ရှားတော်မူ၍ သူတို့အား ချမ်းသာသုခကို ခေတ္တခဏပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim တဖန် အကြင်ကဲ့သို့သော ရွာတစ်ရွာမျှပင်အဘယ့်ကြောင့် မရှိခဲ့ပါသနည်း။ ထိုရွာ(သူရွာသား တို့)သည်အချိန်မီ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသဖြင့် ၎င်း တို့၏ အီမာန်သက်ဝင်ယုံကြည်မှုသည် ၎င်း တို့အား အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့လေသည်။ သို့ဖြင့်(နဗီတမန်တော်ယူနွတ်စ်၏)အမျိုးသားတို့ကာ(အချိန်မီ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်အတွက်)အီမာန်အကျိုးခံစားခဲ့ကြရလေသည်။ ထို(နဗီတမန်တော်ယူနွတ်စ်၏)အမျိုးသားတို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသောအခါ ငါအရှင် မြတ်သည် ကျိုးယုတ်ရှက်ရဖြစ်စေမည့်ပြစ်ဒဏ်ကို ပစ္စက္ခလောကီဘဝတွင် ၎င်း တို့မှ ကင်းဝေးစေတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်း တို့အား(သတ်မှတ်ပြဋ္ဌာန်းအပ်သော) အချိန်ကာလတိုင်အောင် ကောင်းစားတော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့နောက် အကြင်ရွာကဲ့သို့ရွာတစ်ရွာ အဘယ့်ကြောင့် မရှိခဲ့သနည်း။ ထိုရွာ(သူရွာသား)များသည် အချိန်မီ အီမာန်ယုံကြည်ခဲ့ကြလျှင် သူတို့၏ယုံကြည်မှုသည် သူတို့အား အကျိုးဖြစ်ထွန်းစေခဲ့မည်ပင်ဖြစ်သည်။ သို့ရာတွင် (တမန်တော်)ယူနွတ်စ်၏အမျိုးသားများ(၏ ရွာတစ်ရွာသာရှိခဲ့သည်၊ သူတို့)သည် အီမာန်ယုံကြည်ကြသောအခါ ငါအရှင်မြတ်သည် သေးသိမ်စေသောပြစ်ဒဏ်ကို ဤဘဝတွင် ထိုသူတို့မှ ကင်းဝေးစေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား(သတ်မှတ်ထားသော)အချိန်ကာလအထိ အကျိုးခံစားခွင့်ပေးတော်မူခဲ့သည်။ |