Quran with Burmese translation - Surah Hud ayat 101 - هُود - Page - Juz 12
﴿وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن ظَلَمُوٓاْ أَنفُسَهُمۡۖ فَمَآ أَغۡنَتۡ عَنۡهُمۡ ءَالِهَتُهُمُ ٱلَّتِي يَدۡعُونَ مِن دُونِ ٱللَّهِ مِن شَيۡءٖ لَّمَّا جَآءَ أَمۡرُ رَبِّكَۖ وَمَا زَادُوهُمۡ غَيۡرَ تَتۡبِيبٖ ﴾
[هُود: 101]
﴿وما ظلمناهم ولكن ظلموا أنفسهم فما أغنت عنهم آلهتهم التي يدعون من﴾ [هُود: 101]
| Ba Sein ၁ဝ၁။ ငါသည် သူတို့အား ပြစ်မှားတော်မမူချေ။ သို့သော်သူတို့သည် မိမိကိုယ်ကို မိမိပြစ်မှားကြ၏။ သင်၏ အရှင်သခင် ၏ အမိန့်တော်ကျရောက်သောအခါ အရှင်မြတ်မှတပါး သူတို့ကိုးကွယ်ကြသောဘုရားတုတို့သည် သူတို့ကို အကျိုးမပြုချေ။ ထိုဘုရားပျက်တို့သည် သူတို့အား ပျက်စီးဆုံးရှုံးခြင်းမှတပါး ဘာမျှမပေးချေ။ |
| Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နှိပ်စက်တော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်ခဲ့ကြခြင်းသာဖြစ်သည်။ သို့ဖြစ်ရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော် ရောက်ရှိလာသောအခါ သူတို့သည် အလ္လာဟ်အရှင်မြတ်အားစွန်ပြီး သူတို့ဟစ်ခေါ်ခဲ့ကြသော သူတို့၏ကိုးကွယ်ရာများသည် တစ်စုံတစ်ရာမျှ အသုံးမဝင် အကျိုးမပေးနိုင်ခဲ့ကြတော့ပေ။* ထို့ပြင် ထိုကိုးကွယ်ရာများသည် သူတို့အား ပျက်စီးဆုံးရှုံးစေသည်မှလွဲ၍ တစ်စုံတစ်ရာမျှ မတိုးပွားစေခဲ့ပေ။ |