Quran with Burmese translation - Surah Hud ayat 102 - هُود - Page - Juz 12
﴿وَكَذَٰلِكَ أَخۡذُ رَبِّكَ إِذَآ أَخَذَ ٱلۡقُرَىٰ وَهِيَ ظَٰلِمَةٌۚ إِنَّ أَخۡذَهُۥٓ أَلِيمٞ شَدِيدٌ ﴾
[هُود: 102]
﴿وكذلك أخذ ربك إذا أخذ القرى وهي ظالمة إن أخذه أليم شديد﴾ [هُود: 102]
Ba Sein ၁ဝ၂။ ထိုမြို့ရွာများသည် ဒုစရိုက်မကောင်းမှုကို ကျူးလွန်နေစဉ် သင်တို့၏ အရှင်သခင်သည် သူတို့ကို ယခင်ကဲ့သို့ ဖမ်းဆီးကွပ်မျက်တော်မူ၏။ မှတ်သားကြလော့။ အရှင်မြတ်၏ ဖမ်းဆီးခြင်းသည် အလွန်ပြင်းပြနာကျယ်ဖွယ် ဖြစ်၏။ ခိုင်မာပြင်းထန်၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန် လှပေသတည်း။ |
Hashim Tin Myint ထို့ပြင် မြို့သူရွာသားများအား သူတို့သည် နှိပ်စက်ကျူးလွန်နေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အရေးယူမှုသည် ထိုကဲ့သို့ပင် ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်၏ ဖမ်းဆီးအရေးယူခြင်းသည် အလွန်နာကျင် ပြင်းထန်လှသည်။ |