Quran with Burmese translation - Surah Hud ayat 109 - هُود - Page - Juz 12
﴿فَلَا تَكُ فِي مِرۡيَةٖ مِّمَّا يَعۡبُدُ هَٰٓؤُلَآءِۚ مَا يَعۡبُدُونَ إِلَّا كَمَا يَعۡبُدُ ءَابَآؤُهُم مِّن قَبۡلُۚ وَإِنَّا لَمُوَفُّوهُمۡ نَصِيبَهُمۡ غَيۡرَ مَنقُوصٖ ﴾
[هُود: 109]
﴿فلا تك في مرية مما يعبد هؤلاء ما يعبدون إلا كما يعبد﴾ [هُود: 109]
Ba Sein ၁ဝ၉။ ထို့ကြောင့်သင်တမန်တော်သည် ဤမိစ္ဆာမိုက်တို့ကိုးကွယ်သည့်ဘုရားတုများနှင့်စပ်လျဉ်း၍ စိတ်စနောင့်စနိုး မရှိလင့်၊ သူတို့သည် မိရိုးဖလာကို ဆည်းကပ်ကြ၏။ မှတ်သားလော့။ ငါအရှင်မြတ်သည် သူတို့အား ၎င်းတို့ ရထိုက်သောအပြစ်ဒဏ်ကို မလျှော့ပေါ့ပဲ အပြည့်အစုံပေးတော်မူလိမ့်မည်။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်ဤသူများ ဆည်းကပ်ကိုးကွယ်သောအရာ များနှင့်စပ်လျဉ်း၍ဒွိဟသံသယ မဖြစ်ပါလေနှင့်။ (စင်စစ်သော်ကား)၎င်းတို့သည်မိမိတို့အဖ ဘိုးဘေး များအလျင်က ဆည်းကပ်ကိုးကွယ်လျက်ရှိခဲ့ကြသည့်နည်းတူ ကိုးကွယ်ဆည်းကပ်နေကြသည်ပင်။ ထို့ပြင်ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ ဝေစုဝေပုံကို ယုတ်လျော့စေခြင်းမရှိစေဘဲ အပြည့်ပေးတော်မူမည်ဖြစ်ပေသတည်း။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်သည် ဤသူများ ကိုးကွယ်သောအရာများနှင့်ပတ်သက်၍ သံသယမဖြစ်လေနှင့်၊ သူတို့သည် ယခင်က သူတို့၏အဘ၊ ဘိုး၊ ဘေးများ ကိုးကွယ်ကြသကဲ့သို့ပင် ကိုးကွယ်နေကြခြင်းဖြစ်သည်။ ၎င်းနောက် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား သူတို့၏ဝေစုကို မလျော့နည်းစေဘဲ အပြည့်အဝ ပေးတော်မူမည်ဖြစ်သည်။ |