×

မုချဧကန်၊ ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ကြသူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်၌ ကြည်ညိုရိုကျိုးလျက် သူတို့ကိုယ်သူတို့ နှိမ့်ချသူတို့သည် သုခဥယျာဉ်၏အဖော်များဖြစ်ကြပြီး 11:23 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:23) ayat 23 in Burmese

11:23 Surah Hud ayat 23 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 23 - هُود - Page - Juz 12

﴿إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَأَخۡبَتُوٓاْ إِلَىٰ رَبِّهِمۡ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ﴾
[هُود: 23]

မုချဧကန်၊ ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ကြသူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်၌ ကြည်ညိုရိုကျိုးလျက် သူတို့ကိုယ်သူတို့ နှိမ့်ချသူတို့သည် သုခဥယျာဉ်၏အဖော်များဖြစ်ကြပြီး ထိုဥယျာဉ်၌ပင် ကာလအကန့်အ သတ်မဲ့ နေထိုင်စံမြန်းကြမည်။

❮ Previous Next ❯

ترجمة: إن الذين آمنوا وعملوا الصالحات وأخبتوا إلى ربهم أولئك أصحاب الجنة هم, باللغة البورمية

﴿إن الذين آمنوا وعملوا الصالحات وأخبتوا إلى ربهم أولئك أصحاب الجنة هم﴾ [هُود: 23]

Ba Sein
၂၃။ မှတ်သားကြလော့၊ အကြင်သူတို့သည် ယုံကြည်လျက် သုစရိုက်ကောင်းမှုကို ပွားများ၍ မိမိတို့အရှင်သခင်၏ မျက်မှောက်တော်ဝယ် မိမိကိုယ်ကို နှိမ့်ချအ့ံ။ ထိုသူတို့သည် သုခဥယျာဉ်တော်ကို တရားသဖြင့် ပိုင်ဆိုင်သူတို့ ဖြစ်ကြ၏။ သူတို့သည် ထိုဥယျာဉ်တော်၌ စံမြန်းနေထိုင်ကြရလိမ့်မည်။
Ghazi Mohammad Hashim
ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည် ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အရှင်မြတ်ရှေ့တော်ဝယ် ကျိုးနွံခဲ့ကြကုန်၏။ ထိုသူများ ကား ဂျန္နတ်အမတသုခဘုံသားများဖြစ်ကြကုန်၏။ ထိုသူတို့သည် ယင်း ဂျန္နတ်အမတသုခဘုံ၌ထာဝစဉ် နေထိုင်စံမြန်းကြရမည့်သူများပင်တည်း။
Hashim Tin Myint
အမှန်စင်စစ် အကြင်သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့၌ ကျိုးနွံခဲ့ကြသည်။ သူတို့သည် ဂျန္နသ်သုခဘုံသားများဖြစ်ကြသည်။ သူတို့သည် ထိုအထဲ၌ အမြဲ‌နေကြရမည့်သူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek