×

အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အကယ်၍ (ယုံကြည်သူများအား လူမျိုးနှင့်အဆင့်အတန်းပေါ်မူတည်၍ ခွဲခြား ဆက်ဆံခြင်းဖြင့်) သူတို့အား စွန့်ပယ်နှင်ထုတ်မိလျှင် အလ္လာဟ်အရှင်မြတ်ထံတော်မှ (အရေးယူခြင်းခံရမည်ဖြစ်ပြီး အရှင်မြတ်နှင့်) 11:30 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:30) ayat 30 in Burmese

11:30 Surah Hud ayat 30 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 30 - هُود - Page - Juz 12

﴿وَيَٰقَوۡمِ مَن يَنصُرُنِي مِنَ ٱللَّهِ إِن طَرَدتُّهُمۡۚ أَفَلَا تَذَكَّرُونَ ﴾
[هُود: 30]

အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အကယ်၍ (ယုံကြည်သူများအား လူမျိုးနှင့်အဆင့်အတန်းပေါ်မူတည်၍ ခွဲခြား ဆက်ဆံခြင်းဖြင့်) သူတို့အား စွန့်ပယ်နှင်ထုတ်မိလျှင် အလ္လာဟ်အရှင်မြတ်ထံတော်မှ (အရေးယူခြင်းခံရမည်ဖြစ်ပြီး အရှင်မြတ်နှင့်) ဆန့်ကျင်၍ ကျွန်ုပ်အား မည်သူ ကူညီနိုင်မည်နည်း။ သင်တို့တွေးတောဆင်ခြင်၍ သတိမမူကြသလော။

❮ Previous Next ❯

ترجمة: وياقوم من ينصرني من الله إن طردتهم أفلا تذكرون, باللغة البورمية

﴿وياقوم من ينصرني من الله إن طردتهم أفلا تذكرون﴾ [هُود: 30]

Ba Sein
၃ဝ။ ဟယ်-အချင်းတို့၊ အကယ်၍ ငါသည် ယုံကြည်သူတို့အား တွန်းဖယ်ပစ်လျှင် ငါ့ကို အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ အဘယ်သူကယ်နှုတ်အ့ံနည်း။ သို့ပါလျက်သင်တို့တွေးတောဆင်ခြင်ကြမည်မဟုတ်လော။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အကယ် ၍ငါသည် ၎င်းတို့အား နှင်ထုတ်ခဲ့ပါမူ ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူကာကွယ်ပါမည်နည်း။ အသင်တို့သည် (ဤမျှပင်) မစဉ်းစား မိကြလေသလော။
Hashim Tin Myint
ထို့ပြင် အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အကယ်၍ ငါသည် သူတို့အား နှင်ထုတ်ခဲ့လျှင် ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူ ကာကွယ်မည်နည်း။ ဤမျှပင် အသင်တို့သည် အသိတရား မရကြသ‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek