Quran with Burmese translation - Surah Hud ayat 48 - هُود - Page - Juz 12
﴿قِيلَ يَٰنُوحُ ٱهۡبِطۡ بِسَلَٰمٖ مِّنَّا وَبَرَكَٰتٍ عَلَيۡكَ وَعَلَىٰٓ أُمَمٖ مِّمَّن مَّعَكَۚ وَأُمَمٞ سَنُمَتِّعُهُمۡ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٞ ﴾
[هُود: 48]
﴿قيل يانوح اهبط بسلام منا وبركات عليك وعلى أمم ممن معك وأمم﴾ [هُود: 48]
Ba Sein ၄၈။ ထိုအခါအရှင်မြတ်က ဤသို့ဗျာဒိတ်ပေးတော်မူ၏။ နူဟို၊ သင်သည် ငါ့ထံမှ ငြိမ်သက်ခြင်းမင်္ဂလာနှင့် ဤတောင် ပေါ်မှ ဆင်းသွားလော့၊ သင့်အပေါ်သို့သော်လည်းကောင်း၊ သင်နှင့်အတူတကွလိုက်ပါသူတို့မှ ပေါက်ပွားသော လူမျိုးအချို့တို့အပေါ်သို့သော်လည်းကောင်း၊ ကောင်းကြီးမင်္ဂလာတော်သက်စေသော်ဝ်။ အချို့သောလူမျိုးတို့အား ငါသည် လောကီစည်းစိမ်ချမ်းသာကို ခေတ္တခဏပေးသနားတော်မူမည်။ ထို့နောက်အလွန်ကြောက်မက်နာကျင် ဖွယ်သောအပြစ်ဒဏ်တော်ကြီးသည် သူတို့ကို ဖမ်းဆီးလိမ့်မည်။ |
Ghazi Mohammad Hashim (ထို့နောက် နဗီတမန်တော်နူဟ်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤသို့)မိန့်ကြားတော် မူခြင်းခံခဲ့ရလေသည်မှာ အို-နူဟ်အသင်သည် မိမိအပေါ်၌လည်းကောင်း၊အသင်နှင့်အတူရှိသော လူများအပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်အထံတော်မှ ငြိမ်းချမ်းမှုနှင့် ကျက်သရေမင်္ဂလာများကို ယူဆောင်၍ (ဂျူဒီတောင်ပေါ်မှ) ဆင်းသက်ပါလေ။ ထိုမှတစ်ပါး အကြင်လူများလည်း ရှိကြပေဦးမည်။ ငါအရှင်မြတ်သည် ၎င်းတို့အား(ကာလအနည်းငယ်မျှအထိ)ပျော်မွေ့စေတော်မူပေမည်။ ထု့ိနောက် ၎င်းတို့၌ ငါအရှင်မြတ်အထံတော်မှပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဆိုက်ရောက်မည်ဖြစ်ပေသတည်း။ |
Hashim Tin Myint (အရှင်မြတ်ထံတော်မှ)မိန့်ကြားတော်မူခြင်းခံရခြင်းကမူ- အို- နူးဟ်၊ အသင်သည် အသင့်အတွက်နှင့် အသင်နှင့်အတူရှိသော လူများအတွက် ငါအရှင်မြတ်ထံတော်မှ ငြိမ်းချမ်းမှုနှင့် မဂင်္လာများကိုယူပြီး (ဂျူဒီတောင်ပေါ်မှ)ဆင်းသက်ပါ။ ထို့ပြင် အချို့လူမျိုးအုပ်စုများကမူ ငါအရှင်မြတ်သည် မကြာမီ သူတို့အား (အချိန်အနည်းငယ်ထိ)အကျိုးခံစားခွင့် ပေးတော်မူမည်။ ၎င်းနောက် သူတို့အပေါ်တွင် ငါအရှင်မြတ်ထံတော်မှ အလွန်နာကျင်စေသောပြစ်ဒဏ်သည် ဆိုက်ရောက်မည်ဖြစ်သည်။ |