×

သင်တို့သည် ကျွန်ုပ်နှင့်အတူ စေလွှတ်တော်မူခြင်းခံရပြီး သင်တို့ထံသို့ အရောက်ပို့စေတော်မူသောအရာ (အရှင့်အမိန့်ဗျာဒိတ်တော်) ကို ကျောခိုင်း၍ မျက်နှာလွှဲလှည့်သွားကြလျှင် (သင်တို့သိသင့်သည်မှာ ကျွန်ုပ်သည် အရှင့်အမိန့်တော်များကို 11:57 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:57) ayat 57 in Burmese

11:57 Surah Hud ayat 57 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 57 - هُود - Page - Juz 12

﴿فَإِن تَوَلَّوۡاْ فَقَدۡ أَبۡلَغۡتُكُم مَّآ أُرۡسِلۡتُ بِهِۦٓ إِلَيۡكُمۡۚ وَيَسۡتَخۡلِفُ رَبِّي قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّونَهُۥ شَيۡـًٔاۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيۡءٍ حَفِيظٞ ﴾
[هُود: 57]

သင်တို့သည် ကျွန်ုပ်နှင့်အတူ စေလွှတ်တော်မူခြင်းခံရပြီး သင်တို့ထံသို့ အရောက်ပို့စေတော်မူသောအရာ (အရှင့်အမိန့်ဗျာဒိတ်တော်) ကို ကျောခိုင်း၍ မျက်နှာလွှဲလှည့်သွားကြလျှင် (သင်တို့သိသင့်သည်မှာ ကျွန်ုပ်သည် အရှင့်အမိန့်တော်များကို တာဝန်ကျေပွန်စွာဖြင့်) သင်တို့ထံ မုချပင် အရောက်ပို့ခဲ့ပြီးပြီ။ အကယ်၍ သင်တို့က အမှန်တရားကို ဆက်လက်၍ ဇွဲရှိရှိ မယုံကြည်ငြင်းဆန်နေလျှင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သင်တို့၏နေရာတွင် အခြား လူမျိုးတစ်မျိုးကို အစားထိုးဆက်ခံစေတော်မူပြီး သင်တို့သည် ထိုအရှင်မြတ်အား စိုးစဉ်းမျှ ထိခိုက်နစ် နာစေနိုင်ကြမည် မဟုတ်ပေ။ ဧကန်ပင်၊ ကျွန်ုပ် အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (မှတ်တမ်းတင်တော်မူလျက်) ထိန်းသိမ်းစောင့်ရှောက်ထားတော်မူ၏။

❮ Previous Next ❯

ترجمة: فإن تولوا فقد أبلغتكم ما أرسلت به إليكم ويستخلف ربي قوما غيركم, باللغة البورمية

﴿فإن تولوا فقد أبلغتكم ما أرسلت به إليكم ويستخلف ربي قوما غيركم﴾ [هُود: 57]

Ba Sein
၅၇။ ဟယ်-အချင်းတို့၊ သင်တို့သည် လှည့်သွားလျှင် အကြင်အရာနှင့် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူ၏။ ထိုအရာကို သင်တို့ထံသို့ ငါယူဆောင်လာပြီးပြီ။ ငါ၏ အရှင်သခင်သည် သင်တို့နေရာတွင် အခြားလူမျိုးတစုကို အစားထိုးယူဆောင်တော်မူလိမ့်မည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား နာအောင် လုံးဝမပြုစွမ်းနိုင်ချေ။ မှတ်သားကြလော့၊ ငါ၏ ကျေးဇူးတော်သခင်သည် ခပ်သိမ်းကုန်သောအရာအပေါင်းတို့ကို ထိန်းသိမ်းစောင့်ရှောက် တော်မူထသောအရှင်ဖြစ်တော်မူ၏ဟု ဟောကြားဆုံးမ၏။
Ghazi Mohammad Hashim
သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲဖယ်လျက်ပင် ရှိနေကြလျှင် မုချဧကန် ငါသည် အကြင်အမိန့်တော်များကို အသင်တို့ထံ ပို့ခဲ့ပြီးဖြစ်ပေသည်။ ငါသည် ထိုအမိန့်တော်များနှင့်တကွ အသင်တို့ထံသို့ စေလွှတ်တော်မူခြင်းကို ခံခဲ့ရလေသည်။ ထို့ပြင် ငါ၏အရှင်မြတ်သည် (အသင်တို့နေရာတွင်) အသင်တို့၏ကိုယ်စား အခြားလူမျိုးတစ်မျိုးကို ခန့်အပ်တော်မူမည်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အားတစ်စုံတစ်ရာမျှပင် ကျိုးယုတ်ဆုံးရှုံး စေနိုင်ကြမည် မဟုတ်ပေ။ဧကန်စင်စစ် ငါ၏အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့‌နောက် အကယ်၍ အသင်တို့သည် မျက်နှာလွဲ‌နေကြလျှင် အမှန်စင်စစ် ငါသည် အကြင်အမိန့်‌တော်များကို အသင်တို့ထံ ပို့ချခဲ့ပြီးဖြစ်သည်။ ထိုအမိန့်‌တော်များနှင့်တကွ ငါသည် အသင်တို့ထံသို့ ‌စေလွှတ်‌တော်မူခြင်းခံခဲ့ရသည်။ ထို့ပြင် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့၏အစား အခြား လူမျိုးတစ်မျိုးကို (အလ္လာဟ်အရှင်မြတ်အား အီမာန်ယုံကြည်‌စေပြီး ဤကမာ္ဘ‌မြေ၏ စိုးမိုးအုပ်ချုပ်သူ ကိုယ်စားလှယ်များအဖြစ်) ခန့်အပ်‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား အနည်းငယ်မျှ ဆုံးရှုံး‌အောင် လုပ်နိုင်ကြသည် မဟုတ်‌ပေ။ အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek