×

(တမန်တော်) ဆွာလီဟ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ ထင်ရှားမြင်သာသော သက်သေအ ထောက်အထားနှင့်ရှင်းလင်းချက်ပေါ်ရပ်တည်ပြီး 11:63 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:63) ayat 63 in Burmese

11:63 Surah Hud ayat 63 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 63 - هُود - Page - Juz 12

﴿قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي مِنۡهُ رَحۡمَةٗ فَمَن يَنصُرُنِي مِنَ ٱللَّهِ إِنۡ عَصَيۡتُهُۥۖ فَمَا تَزِيدُونَنِي غَيۡرَ تَخۡسِيرٖ ﴾
[هُود: 63]

(တမန်တော်) ဆွာလီဟ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ ထင်ရှားမြင်သာသော သက်သေအ ထောက်အထားနှင့်ရှင်းလင်းချက်ပေါ်ရပ်တည်ပြီး အရှင်မြတ်က အရှင့်ထံတော်မှ ကရုဏာတော်ကိုလည်း ချီးမြှင့်ထားတော်မူကြောင်း အသင်တို့က မဆင်ခြင်၊ မတွေ့မြင်ကြလေသလော။ အကယ်၍ ကျွန်ုပ်သည် ထိုအရှင်မြတ်အား မနာခံလျှင် အလ္လာဟ်အရှင်မြတ် (၏ပြစ်ဒဏ်) နှင့်ဆန့်ကျင်၍ ကျွန်ုပ်အား ကူညီသူ မည်သူ ရှိအံ့နည်း။ ထိုသို့ဖြစ်ခဲ့လျှင် သင်တို့သည် ကျွန်ုပ်အား ဆုံးရှုံးနစ်နာစေခြင်းမှအပ (အခြားမည်သည့်အရာကိုမျှ အကျိုးပြု) တိုးပွားစေမည် မဟုတ်ချေ။”

❮ Previous Next ❯

ترجمة: قال ياقوم أرأيتم إن كنت على بينة من ربي وآتاني منه رحمة, باللغة البورمية

﴿قال ياقوم أرأيتم إن كنت على بينة من ربي وآتاني منه رحمة﴾ [هُود: 63]

Ba Sein
၆၃။ ထိုအခါတမန်တော်က ဟယ်-အချင်းတို့၊ စဉ်းစားကြလော့။ ငါ၏ အရှင်သခင်အထံတော်မှ ထင်ရှားသော သက်သေခံချက်ကို ကိုးကား၏။ အရှင်မြတ်ထံတော်မှ ကောင်းကြီးမင်္ဂလာတော်တစ်ပါးသည် ငါ့ထံသို့ ရောက်လာ ပြီ။ သို့ပါလျက်အရှင်မြတ်အား ငါမနာခံနားမထောင်လျှင် ငါ့အား အရှင်မြတ်အထံတော်မှ အဘယ်သူကယ်မည် နည်း။ သင်တို့သည် ငါ့အား ငရဲမီးမှတပါး မည်သည့်အကျိုးကိုမှ ပေးမည်မဟုတ်ချေ။
Ghazi Mohammad Hashim
ထို(နဗီတမန်တော် ဆွာလိဟ်)သည် (၎င်းတို့အားဤသို့) ပြန်ကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊အကယ်၍ ငါသည် မိမိအရှင်မြတ် အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌ တည်ရှိနေသည့်ပြင် ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ တမန်တော်၏အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ ယူဆကြမည်ကို ငါ့အား ပြောပြကြလေကုန်။ တစ်ဖန် အကယ်၍ ငါသည် အလ္လာဟ်အရှင်မြတ်၏(အမိန့်တော်)ကို ဖီဆန်ခဲ့ပါမူမည်သူသည် ငါ့အားထိုအရှင် မြတ်၏ပြစ်ဒဏ်မှ ကာကွယ်နိုင်မည်နည်း။ ထိုသို့ ဖြစ်ခဲ့လျှင် အသင်တို့သည် ငါ့အား ကျိုးယုတ်နစ်နာဆုံးရှုံးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တိုးပွားစေနိုင်ကြမည် မဟုတ်ပေတကား။
Hashim Tin Myint
၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောသည်- အို- ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေလက္ခဏာအ‌ပေါ်တွင် တည်ရှိ‌နေသည့်အပြင် အရှင်မြတ်သည် ငါ့အား အရှင်မြတ်ထံ‌တော်မှ ရဟ်မသ်(တမန်‌တော်)အဖြစ်ကို* ‌ပေးသနား‌တော်မူခဲ့လျှင် အသင်တို့အ‌နေနှင့် မည်သို့ ယူဆကြမည်နည်းဆိုသည်ကို ငါ့အား ‌ပြောပြကြပါ။ ထို့‌နောက် အကယ်၍ ငါသည် ထိုအရှင်မြတ်၏အမိန့်‌တော်ကို ဖီဆန်ခဲ့လျှင် မည်သူသည် ငါ့အား အလ္လာဟ်အရှင်မြတ်(၏ပြစ်ဒဏ်)မှ ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် အသင်တို့သည် ငါ့အား နစ်နာဆုံးရှုံးမှုမှလွဲ၍ အခြား မည်သည့်အရာကိုမျှ တိုးပွား‌စေနိုင်ကြမည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek