×

(ထိုစဉ်) သူ့လူမျိုးများသည် သူ့ထံသို့ အပြေးအလွှားအလျှင်စလို ရောက်လာခဲ့ကြ၏။ ထိုမတိုင်မီ သူတို့ သည် (အလိုရမ္မက်ဖောက်ပြန်လျက်) အလွန်စက်ဆုပ်ရွံရှာဖွယ်ရာ မကောင်းမှုဒုစရိုက်များကို ပြုမူကျင့်ကြံခဲ့ကြ 11:78 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:78) ayat 78 in Burmese

11:78 Surah Hud ayat 78 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 78 - هُود - Page - Juz 12

﴿وَجَآءَهُۥ قَوۡمُهُۥ يُهۡرَعُونَ إِلَيۡهِ وَمِن قَبۡلُ كَانُواْ يَعۡمَلُونَ ٱلسَّيِّـَٔاتِۚ قَالَ يَٰقَوۡمِ هَٰٓؤُلَآءِ بَنَاتِي هُنَّ أَطۡهَرُ لَكُمۡۖ فَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ فِي ضَيۡفِيٓۖ أَلَيۡسَ مِنكُمۡ رَجُلٞ رَّشِيدٞ ﴾
[هُود: 78]

(ထိုစဉ်) သူ့လူမျိုးများသည် သူ့ထံသို့ အပြေးအလွှားအလျှင်စလို ရောက်လာခဲ့ကြ၏။ ထိုမတိုင်မီ သူတို့ သည် (အလိုရမ္မက်ဖောက်ပြန်လျက်) အလွန်စက်ဆုပ်ရွံရှာဖွယ်ရာ မကောင်းမှုဒုစရိုက်များကို ပြုမူကျင့်ကြံခဲ့ကြ ၏။ (တမန်တော်) လူးသ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဤသည် ကျွန်ုပ်၏သမီးများ ဖြစ်ကြ၏။ သူမတို့သည် သင်တို့အတွက် (သင်တို့၏တဏှာဖောက်ပြန်မှုကို ထိန်းချုပ်စေမည့် ထိမ်းမြားရန်) အသန့်စင်ဆုံး ဖြစ်၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် ကျွန်ုပ်၏ဧည့်သည်များကို စော်ကားလျက် ကျွန်ုပ်အား အရှက် မခွဲကြလေနှင့်။ သင်တို့ထဲတွင် (အရှင့်ဖွဲ့စည်းမှုဆိုင်ရာနိယာမတရားကို လက်ခံ၍ ဖြောင့်မတ်သောသူ) ယောက်ျား ပီသသူတစ်ဦး တစ်ယောက်ပင် မရှိကြသလော။” ဟု ဟောပြောခဲ့၏။

❮ Previous Next ❯

ترجمة: وجاءه قومه يهرعون إليه ومن قبل كانوا يعملون السيئات قال ياقوم هؤلاء, باللغة البورمية

﴿وجاءه قومه يهرعون إليه ومن قبل كانوا يعملون السيئات قال ياقوم هؤلاء﴾ [هُود: 78]

Ba Sein
၇၈။ ထို့အပြင် သူ၏ အမျိုးသားတို့သည် သူ့ထံသို့ ပြေးလာကြ၏။ သူတို့သည် အထက်ထက်က အလွန်ယုတ်မာ ညစ်ညမ်းသောအမှုများကို ပြုကျင့်လေ့ရှိ၏။ သူသည် သူတို့အား ဟယ်-အချင်းတို့၊ သည်မှာ ငါ၏ သမီးများ ရှိကြ၏။ သူတို့သည် သင်တို့အဖို့ သာလွန်သင့်မြတ်သန့်စင်ကြ၏။
Ghazi Mohammad Hashim
ထို့နောက် ယင်း(နဗီတမန်တော်) လူ(တ်)၏အမျိုးသားများသည် ယင်း၏ထံသို့ အပြေးအလွှား လာခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ယခင်မူလကပင်မကောင်းမှု ဒုစရိုက်များကို ကျင့်မူ ပွားများလျက်ရှိခဲ့ကြကုန်၏။(ထိုအခါ) ယင်း (နဗီတမန်တော်)လူ(တ်)က အို-ငါ၏အမျိုးသားတို့၊ ဤသည် ငါ၏သမီးများပင်၊ (အသင်တို့သည် ၎င်းတို့နှင့်ထိမ်းမြားကြလေကုန်) ၎င်းတို့သည် အသင်တို့အဖို့ ပိုမို၍ပင်သန့်စင်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ၎င်းပြင် အသင်တို့သည် ငါ့အား ငါ၏ဧည့်သည်တော်များ(ရှေ့)တွင် အရှက်တကွဲအကျိုးနည်း မပြုကြကုန်လင့်။ အသင်တို့တွင် ရိုးသားဖြောင့်မတ်သောသူ တစ်ယောက်တစ်လေမျှပင် မရှိလေသလောဟုပြောဆိုခဲ့လေသတည်း။
Hashim Tin Myint
ထို့‌နောက် ၎င်း(တမန်‌တော်လူသွ်)၏အမျိုးသားများသည် ၎င်း၏ထံသို့ ‌ပြေးလွှားလျက် လာခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် ယခင်ကပင် မ‌ကောင်းမှုများကို ကျင့်ကြံ‌နေခဲ့ကြသည်။ ၎င်း(တမန်‌တော်လူသွ်)က‌ပြောဆိုသည်- အို- ငါ၏အမျိုးသားတို့၊ ဤသည် ငါ၏သမီးများပင်၊ (အသင်တို့သည် သူမတို့နှင့် လက်ထပ်ကြပါ)သူမတို့သည် အသင်တို့အတွက် ပို၍ပင် သန့်စင်ကြသည်။* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ၎င်း‌နောက် အသင်တို့သည် ငါ့ကို ငါ၏ ဧည့်သည်များ‌ရှေ့၌ အရှက်တကွဲ မပြုလုပ်ကြနှင့်၊ အသင်တို့တွင် ရိုးသား‌ဖြောင့်မတ်သူ မည်သူမျှ မရှိသ‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek