Quran with Burmese translation - Surah Hud ayat 86 - هُود - Page - Juz 12
﴿بَقِيَّتُ ٱللَّهِ خَيۡرٞ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَۚ وَمَآ أَنَا۠ عَلَيۡكُم بِحَفِيظٖ ﴾
[هُود: 86]
﴿بقية الله خير لكم إن كنتم مؤمنين وما أنا عليكم بحفيظ﴾ [هُود: 86]
Ba Sein ၈၆။ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့် ချန်ထားတော်မူသောပစ္စည်းသည် သင်တို့အဖို့ သာလွန်မွန်မြတ်၏။ ငါသည် သင်တို့ကို ထိန်းသိမ်းအုပ်ချုပ်ရသူမဟုတ်ချေဟု ပြော၏။ |
Ghazi Mohammad Hashim အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ် (ချီးမြှင့်တော်မူသော အရာများအနက်မှ) ကြွင်းကျန်သော ဟလာလ်(ပစ္စည်း)ကား အသင်တို့အဖို့ အကောင်းဆုံးပင်။ စင်စစ်သော်ကား ငါသည် အသင်တို့အား (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ)ထိန်းသိမ်းစောင့်ရှောက်သူမဟုတ်ချေ။ (တာဝန်ခံမဟုတ်ချေ) |
Hashim Tin Myint အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်(ပေးသနားသည့်အထဲမှ)ကျန်ရှိသော(အမြတ်)ဟလာလ်သည် အသင်တို့အတွက် အကောင်းဆုံးပင်ဖြစ်သည်။* ထို့ပြင် ငါသည် အသင်တို့အား (ပြစ်ဒဏ်ခတ်မခံရအောင်)ထိန်းသိမ်းစောင့်ရှောက်သောသူ(တာဝန်ခံ) မဟုတ်ပေ။ |