×

သူတို့က “အို၊ ရှုအိုက်ဗ်၊ အသင် ဆွလာသ်ဝတ်ပြုမှုမဏ္ဍိုင်၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ ကိုးကွယ်လာခဲ့ကြသော (မိရိုးဖလာကိုးကွယ်မှုနှင့်) ကိုးကွယ်ရာများကို 11:87 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:87) ayat 87 in Burmese

11:87 Surah Hud ayat 87 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 87 - هُود - Page - Juz 12

﴿قَالُواْ يَٰشُعَيۡبُ أَصَلَوٰتُكَ تَأۡمُرُكَ أَن نَّتۡرُكَ مَا يَعۡبُدُ ءَابَآؤُنَآ أَوۡ أَن نَّفۡعَلَ فِيٓ أَمۡوَٰلِنَا مَا نَشَٰٓؤُاْۖ إِنَّكَ لَأَنتَ ٱلۡحَلِيمُ ٱلرَّشِيدُ ﴾
[هُود: 87]

သူတို့က “အို၊ ရှုအိုက်ဗ်၊ အသင် ဆွလာသ်ဝတ်ပြုမှုမဏ္ဍိုင်၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ ကိုးကွယ်လာခဲ့ကြသော (မိရိုးဖလာကိုးကွယ်မှုနှင့်) ကိုးကွယ်ရာများကို စွန့်လွှတ်ရန် သို့မဟုတ် ကျွန်ုပ်တို့၏ ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဆန္ဒအလျှောက် (စိတ်တိုင်းကျ လွတ်လပ်စွာ) ရှာဖွေသုံးစွဲခြင်း မပြုရန် အမိန့်ပေးညွှန်ကြားနေခြင်းပင် ဖြစ်သလော။ ဧကန်ပင်၊ အသင်သည် နူးညံ့သိမ်မွေ့ပြီး စိတ် ရှည်သည်း ခံသူ စိတ်ဓါတ်ကြံ့ခိုင်ပြီး ဖြောင့်မတ်တည်ကြည်သူပင် မုချ ဖြစ်ပေ၏။”

❮ Previous Next ❯

ترجمة: قالوا ياشعيب أصلاتك تأمرك أن نترك ما يعبد آباؤنا أو أن نفعل, باللغة البورمية

﴿قالوا ياشعيب أصلاتك تأمرك أن نترك ما يعبد آباؤنا أو أن نفعل﴾ [هُود: 87]

Ba Sein
၈၇။ သူတို့က အို-ရှိုအိုက်ဗ်၊ သင်၏ တရားတော်က ငါတို့အား မိမိတို့မိဘဘိုးဘွားတို့ကိုးကွယ်သည့်ဘုရားများကို သော်လည်းကောင်း၊ ငါတို့ပစ္စည်းကို ငါတို့၏ စိတ်အတိုင်းသုံးစွဲခြင်းကိုသော်လည်းကောင်း၊ စွန့်လွှတ်ရန် အမိန့်ပေးသလော။ သင်သည် ထောက်ထားညှာတာတတ်သူ၊ မှန်သောအကျင့်ရှိသူဖြစ်၏ဟု ပြောကြ၏။
Ghazi Mohammad Hashim
၎င်း(အမျိုးသား)တို့က(နဗီတမန်တော် ရှုအိုက်ဗ်အားဤသို့)ပြောဆိုခဲ့ကြ၏။ အို-ရှုအိုက်ဗ်၊ အသင်၏ ဆွလာတ်ဝတ်ပြုမှုသည်(သာသနာသည်)အသင့်အား ကျွန်ုပ်တို့(၏အကြီးအကဲများဖြစ်ကြကုန်သော)အဖ၊ဘိုး၊ဘေးတို့ကိုးကွယ်ဆည်းကပ်ကြလေသောဘုရားများကို ကျွန်ုပ်တို့စွန့်လွှတ်ရန်လည်း ကောင်း၊ကျွန်ုပ်တို့သည် မိမိတို့ဥစ္စာပစ္စည်းများတွင် မိမိတို့အလိုကျပြုလုပ်ကြသည်ကို ကျွန်ုပ်တို့ စွန့်လွှတ်ရန်လည်းကောင်း၊ စေခိုင်းပါသလော။ ဧကန်အမှန် အသင်တစ်ဦးသည်(ပင်ဣန္ဒြေ)နှင့်ပြည့်စုံသောသူ၊ ရိုးသားဖြောင့်မတ်သောသူ ဖြစ်သည်လော။
Hashim Tin Myint
သူတို့က ‌ပြောဆိုခဲ့ကြသည်- အို- (တမန်‌တော်)ရှုအိုင်ဗ်၊ အသင်၏စွလာသ်ဝတ်ပြုမှု(သာသနာ)သည် အသင့်အား ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ ကိုးကွယ်‌သောအရာများအား ကျွန်ုပ်တို့ စွန့်လွှတ်ကြရန်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာများတွင် ကျွန်ုပ်တို့သ‌ဘောနှင့်ပြုလုပ်ကြသည်များကို ကျွန်ုပ်တို့ စွန့်လွှတ်ကြရန်အတွက် ‌စေခိုင်းသ‌လော။ အမှန်ပင် အသင်တစ်ဦးတည်းသာ အလွန်ဉာဏ်ရှိ‌သော အိ‌န္ဒြေနှင့်ပြည့်စုံ‌သောသူဖြစ်သ‌လော၊ ၎င်းပြင် အလွန်ရိုးသား‌ဖြောင့်မတ်သူ ဖြစ်သ‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek