Quran with Burmese translation - Surah Hud ayat 88 - هُود - Page - Juz 12
﴿قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَرَزَقَنِي مِنۡهُ رِزۡقًا حَسَنٗاۚ وَمَآ أُرِيدُ أَنۡ أُخَالِفَكُمۡ إِلَىٰ مَآ أَنۡهَىٰكُمۡ عَنۡهُۚ إِنۡ أُرِيدُ إِلَّا ٱلۡإِصۡلَٰحَ مَا ٱسۡتَطَعۡتُۚ وَمَا تَوۡفِيقِيٓ إِلَّا بِٱللَّهِۚ عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ أُنِيبُ ﴾
[هُود: 88]
﴿قال ياقوم أرأيتم إن كنت على بينة من ربي ورزقني منه رزقا﴾ [هُود: 88]
Ba Sein ၈၈။ သူက ဟယ်-အချင်းတို့၊ ဆင်ခြင်ကြလော့။ ငါ၏ အရှင်သခင်ထံတော်မှ ထင်ရှားသောသက်သေသာဓကကို ရရှိ၏။ အရှင်မြတ်သည် ငါ့အား အထံတော်မှ သန့်ရှင်းကောင်းမွန်သောအစားအစာကို ကျွေးမွေးတော်မူ၏။ သို့ပါလျက်သင်တို့ကို မည်သို့လိုက်လျောနိုင်အ့ံနည်း။ ငါသည် သင်တို့အား တားမြစ်သောအရာကို သင်တို့ နောက်တွင် ငါသည် မပြုလုပ်လိုချေ။ ငါသည် မိမိတတ်စွမ်းသမျှပြုပြင်လိုခြင်းမှတပါး၊ အခြားအရာကို မလိုလား ချေ။ ငါ၏ ကြီးပွားရာကြီးပွားကြောင်းသည် အလ္လာဟ်အရှင်မြတ်၌သာလျှင် ရှိ၏။ ငါသည် အရှင်မြတ်အား ယုံကြည်ကိုးစား၏။ အရှင်မြတ်ဘက်တော်သို့ တရားသံဝေဂရခြင်းဖြင့် လှည့်၏။ |
Ghazi Mohammad Hashim (ထိုအခါ) ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်က(မိမိအမျိုးသားတို့အား ဤသို့)ပြောဆို ဖြေကြားခဲ့ လေ၏။ အိုငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်ထံတော်မှသက်သေခံအပေါ်၌ တည်ရှိခဲ့ ပါလျှင်လည်းကောင်း၊ ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ ကောင်းမွန်မြင့်မြတ်သောစားနပ်ရိက္ခာကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ယူဆကြပါသနည်း။ ၎င်းပြင် ငါသည် မိမိကိုယ်တိုင် အသင်တို့အား တားမြစ်သောကိစ္စကို အသင်တို့နှင့်ဆန့်ကျင်၍ ကိုယ်တိုင်ပြုလုပ်ရန် ရည်စူးသည်မဟုတ်ပေ။ အမှန်စင်စစ် ငါသည် မိမိတတ်စွမ်းနိုင်သမျှ ကာလပတ်လုံး (အသင်တို့၏ဆိုးရွားနေသောအခြေအနေကို)ပြုပြင်ရန်သာလျှင် ရည်စူးလေသည်။ သို့ရာတွင် ငါ၏အောင်မြင်မှုကား အလ္လာဟ်အရှင်မြတ်၏ ကူညီမှုအပေါ်၌သာလျှင် ရှိနေပေရာ ငါသည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထား၏။ ထိုမှတစ်ပါး ငါသည်ထို အရှင်မြတ်ဖက်သို့သာလျှင် ပြန်လှည့်မည်ဖြစ်၏။ |
Hashim Tin Myint ၎င်း(တမန်တော်)က ပြောဆိုခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ သက်သေအထောက်အထားပေါ်၌ တည်ရှိခဲ့ပြီး ငါအရှင်မြတ်သည် ငါ့အား အရှင်မြတ်ထံတော်မှ ကောင်းမွန်သော စားနပ်ရိက္ခာကို* ပေးသနားတော်မူခဲ့လျှင် အသင်တို့သည် မည်သို့ယူဆကြမည်နည်း။ ၎င်းနောက် ငါသည် ငါကိုယ်တိုင် အသင်တို့အား တားမြစ်သောကိစ္စကို အသင်တို့နှင့်ဆန့်ကျင်ပြီး ကိုယ်တိုင်ပြုလုပ်ရန် မရည်ရွယ်ပေ။* ငါသည် ငါတတ်စွမ်းနိုင်သမျှ ပြုပြင်ရန်သာ ရည်ရွယ်သည်။* ထို့ပြင် ငါ၏စွမ်းဆောင်နိုင်မှုသည် အလ္လာဟ်အရှင်မြတ်၏ကူညီမှုအပေါ်၌သာ မူတည်သည့်အတွက် ထိုအရှင်မြတ်အပေါ်၌သာ ယုံပုံအပ်နှင်းထားသည်။ ၎င်းနောက် ငါသည် ထိုအရှင်မြတ်ဘက်သို့ပင် ပြန်လှည့်မည်ဖြစ်သည်။ |