×

ဧကန်မုချ၊ သူမသည် တမန်တော်ယူစုဖ်နှင့်ပတ်သက်၍ တပ်မက်မှုဘက်သို့ အပြီးသတ် တိမ်းညွတ်ခဲ့ပြီး အကယ်၍ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ကိုယ်ကျင့်သိက္ခာနှင့်ကာယိန္ဒြေထိန်းသိမ်းမှုဆိုင်ရာ) သက်သေအထောက်အထားတော်ကို 12:24 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:24) ayat 24 in Burmese

12:24 Surah Yusuf ayat 24 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 24 - يُوسُف - Page - Juz 12

﴿وَلَقَدۡ هَمَّتۡ بِهِۦۖ وَهَمَّ بِهَا لَوۡلَآ أَن رَّءَا بُرۡهَٰنَ رَبِّهِۦۚ كَذَٰلِكَ لِنَصۡرِفَ عَنۡهُ ٱلسُّوٓءَ وَٱلۡفَحۡشَآءَۚ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُخۡلَصِينَ ﴾
[يُوسُف: 24]

ဧကန်မုချ၊ သူမသည် တမန်တော်ယူစုဖ်နှင့်ပတ်သက်၍ တပ်မက်မှုဘက်သို့ အပြီးသတ် တိမ်းညွတ်ခဲ့ပြီး အကယ်၍ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ကိုယ်ကျင့်သိက္ခာနှင့်ကာယိန္ဒြေထိန်းသိမ်းမှုဆိုင်ရာ) သက်သေအထောက်အထားတော်ကို မတွေ့ခဲ့လျှင် သူသည်လည်း (သူမထံမှ ရုန်းထွက်ရန် ကြိုးစားခဲ့မည် မဟုတ်ဘဲ) သူမနှင့်ပတ်သက်၍ တပ်မက်မှုဘက်သို့သာ တိမ်းညွတ်ခဲ့လိမ့်မည် ဖြစ်၏၊ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် မကောင်းမှုနှင့်မဖွယ်မရာ လုပ်ဆောင်မှုများကို သူ့ထံမှ ဖယ်ရှားပေး၍ ကင်းဝေးစေတော်မူရန် (သက်သေတော်ဖြင့်) ဧကန်မုချ၊ ရှင်းလင်းစွာ ညွှန်ကြားထားတော်မူ၏။ ဧကန်ပင်၊ သူသည် ယုံကြည်မှုဆိုင်ရာ ကျင့်ဝတ်သီလများကို စိတ် ရင်းစေတနာဖြူစင်စွာဖြင့် ကျင့်ကြံကြသော ငါအရှင်မြတ်၏အစေခံများ အနက်မှ (တစ်ဦး အပါအဝင်) ဖြစ်၏။

❮ Previous Next ❯

ترجمة: ولقد همت به وهم بها لولا أن رأى برهان ربه كذلك لنصرف, باللغة البورمية

﴿ولقد همت به وهم بها لولا أن رأى برهان ربه كذلك لنصرف﴾ [يُوسُف: 24]

Ba Sein
၂၄။ အိမ်ရှင်မသည် သူ့အား အမှန်လိုလား၏။ သို့သော်မိမိ၏ အရှင်သခင်၏ သက်သေသာဓကတပါးကို မမြင်ခဲ့လျှင် သူသည် သူမကို မက်မောလေလတ့ံ။ ငါအရှင်သည် သူ့ထံမှ မကောင်းမှုနှင့် ကာမခိုးမှုကို ဖယ်ရှားတော်မူစေ ခြင်းငှာ ယင်းသို့ဖြစ်၏။ မှတ်သားကြလော့။ သူသည် ငါရွေးကောက်တော်မူစေသောကျေးတော်မျိုးကျွန်တော်မျိုး တို့ဘောင်တွင် ပါဝင်၏။
Ghazi Mohammad Hashim
ထို့ပြင် မလွဲဧကန် ထိုမိန်းမသည် ယင်းယူဆွဖ်နှင့်ဆက်ဆံရန် ယတိပြတ်စိတ်ပြဋ္ဌာန်းခဲလေသည်။ အမှန်သော်ကား အကယ်၍သာ ထိုယူဆွဖ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်ကို မတွေ့မမြင်ခဲ့ရပါလျှင် ၎င်းသည် လည်း ထိုမိန်းမနှင့် ဆက်ဆံရန်ကြံရွယ်ခဲ့ပေအံ့။ ငါအရှင်မြတ်သည် (သာမည)မကောင်းမှုများကိုလည်းကောင်း၊ အလွန်စက်ဆုပ်ဖွယ်ရာဖြစ်သော အမှုကိစ္စများကိုလည်းကောင်း၊ ထိုယူစုဖ်နှင့် ကင်းဝေးစေတော်မူခြင်းငှာ၊ဤအတိုင်းပင် ပြုလုပ် တော်မူခဲ့လေသည်။ ဧကန်စင်စစ်ထိုယူဆွဖ်သည် ငါအရှင်မြတ် ရွေးချယ်ထားတော်မူသော အစေတော်များတွင် အပါအဝင် ဖြစ်ချေသတည်း။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် ထိုမိန်းမသည် ၎င်းနှင့်ဆက်ဆံရန် စိတ်ဆုံးဖြတ်ခဲ့သည်။ အမှန်မှာ အကယ်၍သာ ၎င်း(ယူစွဖ်)သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏သက်‌သေလက္ခဏာကို မမြင်‌တွေ့ခဲ့ရလျှင်* ၎င်း(ယူစွဖ်)သည်လည်း ထိုမိန်းမနှင့်ဆက်ဆံရန် ကြံရွယ်ခဲ့မည်ဖြစ်သည်။ ငါအရှင်မြတ်သည် (ရိုးရိုး)မ‌ကောင်းမှုများနှင့် စက်ဆုပ်ဖွယ်ရာအမှုကိစ္စများကို ၎င်း(ယူစွဖ်)နှင့် ကင်း‌ဝေး‌စေ‌တော်မူရန်အတွက် ဤသို့ပင် ပြုလုပ်‌တော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းသည် ငါအရှင်မြတ် ‌ရွေးချယ်ထား‌တော်မူ‌သော ကျွန်များထဲ၌ အပါအဝင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek