Quran with Burmese translation - Surah Yusuf ayat 70 - يُوسُف - Page - Juz 13
﴿فَلَمَّا جَهَّزَهُم بِجَهَازِهِمۡ جَعَلَ ٱلسِّقَايَةَ فِي رَحۡلِ أَخِيهِ ثُمَّ أَذَّنَ مُؤَذِّنٌ أَيَّتُهَا ٱلۡعِيرُ إِنَّكُمۡ لَسَٰرِقُونَ ﴾
[يُوسُف: 70]
﴿فلما جهزهم بجهازهم جعل السقاية في رحل أخيه ثم أذن مؤذن أيتها﴾ [يُوسُف: 70]
Ba Sein ၇ဝ။ သူသည် ထိုသူတို့အား ဂျုံစပါးရိက္ခာကို ပေးပြီးနောက် သူ၏ သောက်ရေခွက်ကို မိမိညီ၏ ကုလားအုပ်ကုံးနှီးအိတ် တွင် ထည့်ပေးလိုက်၏။ ထို့နောက်ကြွေးကြော်သူတစ်ယောက်သည် အို-ကုလားအုပ်စီးနင်းသွားသူတို့၊ သင်တို့ သည် သူခိုးအစ်အမှန်ဖြစ်ကြ၏ဟု အော်ဟစ်စေ၏။ |
Ghazi Mohammad Hashim ထို့နောက် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ စီမံ အပ်သည်တို့ကို အဆင်သင့်ဖြစ်အောင်စီမံ၍ ပေးခဲ့ပြီးသောအခါရေဖလားကို မိမိညီတော်၏ခရီးဆောင် ပစ္စည်းထဲတွင် ထည့်လိုက်လေသည်။ ထို့နောက် ကြေညာသူတစ်ဦးက အို-ခရီးသည်စု၊ ဧကန်မလွဲ အသင်တို့သည် ခိုးသားများပင် ဖြစ်ကြကုန်သည် ဟု ကြေညာ(မောင်းခတ်)ခဲ့လေသည်။ |
Hashim Tin Myint ထို့နောက် သူ(ယူစွဖ်)သည် သူတို့အတွက် အစီအစဉ်များကို အဆင်သင့်ဖြစ်အောင် စီမံပေးခဲ့ပြီးသောအခါ (ရွှေ/ငွေနှင့်ပြုလုပ်ထားသော ခြင်တွယ်၍လည်းရသော)သောက်ရေခွက်ကို ၎င်း၏ညီ၏ခရီးဆောင်ပစ္စည်းထဲ၌ ထည့်လိုက်သည်။ ၎င်းနောက် ကြေညာသူတစ်ဦးက “အို- ခရီးသည်အုပ်စု၊ အမှန်စင်စစ် အသင်တို့သည် သူခိုးများပင် ဖြစ်ကြသည်“ဟု ကြေညာခဲ့သည်။ |