Quran with Burmese translation - Surah Yusuf ayat 85 - يُوسُف - Page - Juz 13
﴿قَالُواْ تَٱللَّهِ تَفۡتَؤُاْ تَذۡكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوۡ تَكُونَ مِنَ ٱلۡهَٰلِكِينَ ﴾
[يُوسُف: 85]
﴿قالوا تالله تفتأ تذكر يوسف حتى تكون حرضا أو تكون من الهالكين﴾ [يُوسُف: 85]
Ba Sein ၈၅။ ထိုအခါသားတို့က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ ဖခင်သည် မိမိမကျန်းမမာဖြစ်သည့်တိုင်အောင် သော်လည်းကောင်း၊ သေကြေပျက်စီးသည့်တိုင်အောင်သော်လည်းကောင်း၊ ယူစွတ်(ဖ်)ကို သတိမရပဲ နေမည် မဟုတ်ဟု ဆိုကြ၏။ |
Ghazi Mohammad Hashim ယင်း(သား)တို့က (အို-ခမည်းတော်) အလ္လာဟ်အရှင်မြတ်၏ကစမ်၊ အသင်ခမည်းတော်သည် ယူဆွဖ်အားအမြဲမပြတ် တမ်းတသတိရလျက်ပင်ရှိနေသည် ဖြစ်ရာ နောက်ဆုံးတွင်မူ အသင်ဖခင်သည် ကျန်းမာရေး ချွတ်ယွင်းသူသော်လည်းကောင်း၊ အသက်ဇီဝိန် ချုပ်ငြိမ်းသူသော်လည်းကောင်း၊ဖြစ်ရပါတော့မည် ဟုပြောဆိုကြကုန်၏။ |
Hashim Tin Myint သူတို့က ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီးပြောဆိုပါသည်၊ ဖခင်သည် ယူစွဖ်ကို အမြဲသတိရလျက်ပင် ရှိနေခဲ့သည့်အတွက် နောက်ဆုံး၌ ဖခင်သည် ကျန်းမာရေးချွတ်ယွင်းသူ သို့မဟုတ် အသက်ဆုံးရှုံးသူ ဖြစ်ရပါတော့မည်။ |