Quran with Burmese translation - Surah Ibrahim ayat 22 - إبراهِيم - Page - Juz 13
﴿وَقَالَ ٱلشَّيۡطَٰنُ لَمَّا قُضِيَ ٱلۡأَمۡرُ إِنَّ ٱللَّهَ وَعَدَكُمۡ وَعۡدَ ٱلۡحَقِّ وَوَعَدتُّكُمۡ فَأَخۡلَفۡتُكُمۡۖ وَمَا كَانَ لِيَ عَلَيۡكُم مِّن سُلۡطَٰنٍ إِلَّآ أَن دَعَوۡتُكُمۡ فَٱسۡتَجَبۡتُمۡ لِيۖ فَلَا تَلُومُونِي وَلُومُوٓاْ أَنفُسَكُمۖ مَّآ أَنَا۠ بِمُصۡرِخِكُمۡ وَمَآ أَنتُم بِمُصۡرِخِيَّ إِنِّي كَفَرۡتُ بِمَآ أَشۡرَكۡتُمُونِ مِن قَبۡلُۗ إِنَّ ٱلظَّٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٞ ﴾
[إبراهِيم: 22]
﴿وقال الشيطان لما قضي الأمر إن الله وعدكم وعد الحق ووعدتكم فأخلفتكم﴾ [إبراهِيم: 22]
Ba Sein ၂၂။ တရားစီရင်တော်မူပြီးသည်နောက် ရှိုင်တန်မာရ်နတ်က မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မှန်ကန်သောကတိကို ပေးတော်မူ၏။ ငါသည် သင်တို့အား ကတိပေးခဲ့သည်။ သို့သော်ငါသည် ကတိကို ဖျက်ခဲ့၏။ သင်တို့ကို ငါ့ဘက်သို့ ခေါ်ခဲ့၏။ သင်တို့လည်း ငါ့စကားကို နားထောင်ခဲ့ကြ၏။ ဤအမှုများမှတပါး သင်တို့အပေါ်တွင် အကျွနု်ပ်သြဇာမရှိချေ။ ထို့ကြောင့်ငါ့ကို အပြစ်မတင်ကြလင့်၊ သို့သော်သင်တို့သည် မိမိ ကိုယ်ကို မိမိအပြစ်တင်ကြလော့။ ငါသည် သင်တို့ကို မကူညီနိုင်။ သင်တို့လည်း ငါ့ကို မကူညီနိုင်ချေ၊ မှတ် သားကြလော့၊ သင်တို့သည် အထက်က ငါ့အား ပေးသောဂုဏ်၊ ငါ့အား ဘုရားဟူ၍ ကိုးကွယ်ခြင်းကို ငါ မယုံကြည်ချေ၊ မှတ်သားကြလော့။ မကောင်းမှုပွားများသူတို့အဖို့ရာ နာကျင်ဖွယ်သောအပြစ်ဒဏ်တော်ရှိ၏။ |
Ghazi Mohammad Hashim ၎င်းပြင်(အလုံးစုံ)စီရင်ဆုံးဖြတ်၍ ပြီးခဲ့သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည်(ဂျဟန္နမ် ငရဲဘုံသို့လားကြရသဖြင့် ညည်းညူပြစ်တင်သူတို့အား ဖြေကြားသောအားဖြင့်ဤသို့)ပြောဆိုအံ့။ (အို-ကျွန်ုပ်အား ပြစ်တင်ကဲ့ရဲ့သူအပေါင်းတို့) မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ကတိပေးခြင်း ကို ကတိပေးတော်မူခဲ့၏၊ ၎င်းပြင် ကျွန်ုပ်သည်လည်းအသင်တို့အား ကတိပေးခဲ့သည်ဖြစ်၏။ သို့ရာတွင်မူကားကျွန်ုပ်သည် အသင်တို့အား(ပေးခဲ့သည့်ကတိကို) ဖေါက်ဖျက်ခဲ့၏။စင်စစ်မူကား ကျွန်ုပ်မှာ အသင်တို့အား ဖိတ်ခေါ်ခဲ့သည်မှအပအသင်တို့အပေါ်၌ မည်သည့်ဩဇာ အာဏာတစ်စုံတစ်ရာမျှပင် ရှိခဲ့သည်မဟုတ်ပေ။ (ကျွန်ုပ်သည်) ထို(ကဲ့သို့ ဖိတ်ခေါ်ခဲ့သော)အခါ အသင်တို့သည် ကျွန်ုပ်(၏ဖိတ်ခေါ်ချက်)ကိုသဘောတူလက်ခံခဲ့ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်အား ပြစ်တင်ပုတ်ခတ်မည့်အစား မိမိတို့ကိုယ် ကိုသာလျှင်မိမိတို့ပြစ်တင်ပုတ်ခတ်ကြလေကုန်။ (ယနေ့သော်ကား)ကျွန်ုပ်သည်လည်း အသင်တို့အား ကယ်မည့်သူမဟုတ်။ အသင်တို့သည်လည်း ကျွန်ုပ်အား ကယ်ဆယ်မည့်သူများ မဟုတ်ကြပေ။အသင်တို့သည် ယခင်မူလက ကျွန်ုပ်အား(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ခဲ့ကြသည်ကို ကျွန်ုပ်ငြင်းပယ်၏။ ဧကန်အမှန် မတရားသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။ |
Hashim Tin Myint ထို့ပြင် (အားလုံး)စီရင်ဆုုံးဖြတ်ပြီးသောအခါ ရှိုင်သွာန်က ပြောဆိုမည်- အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား မှန်ကန်သောကတိကို ပေးတော်မူခဲ့သည်။ ၎င်းနောက် ကျွန်ုပ်သည်လည်း အသင်တို့အား ကတိပေးခဲ့သည်ပင်။ ထို့နောက် ကျွန်ုပ်ကမူ အသင်တို့အား ကတိဖောက်ဖျက်ခဲ့သည်။ ထို့ပြင် (အမှန်စင်စစ်) ကျွန်ုပ်သည် အသင်တို့အပေါ် မည်သည့်အရာမျှ လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ပေ၊ သို့ရာတွင် ကျွန်ုပ်သည် အသင်တို့အား ဖိတ်ခေါ်ရုံသာ ဖိတ်ခေါ်ခဲ့သည်၊ ထို့နောက် အသင်တို့က ကျွန်ုပ်အား လက်ခံခဲ့ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်အား အပြစ်မတင်ကြနှင့်၊ အသင်တို့သည် အသင်တို့ကိုယ် အသင်တို့သာ အပြစ်တင်ကြပါ။ ကျွန်ုပ်လည်း အသင်တို့အား ကယ်မည့်သူ မဟုတ်ပေ။ အသင်တို့လည်း ကျွန်ုပ်အား ကယ်မည့်သူများ မဟုတ်ကြပေ။ အသင်တို့သည် ယခင်က ကျွန်ုပ်အား (အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ကိုးကွယ်ခဲ့ကြသည်ကို ကျွန်ုပ် အမှန်ပင် ငြင်းပယ်သည်။ အမှန်စင်စစ် မတရားကျူးလွန်သူများအတွက် နာကျင်စေသောပြစ်ဒဏ်ရှိသည်။ |