×

အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အား တည်တံ့ခိုင်မြဲသော ဗျာဒိတ်တော်များဖြင့် ဤလောကီဘဝသက်တမ်းနှင့်တမလွန်ဘဝတို့တွင် တည်တံ့မြဲမြံ စေတော်မူ၏။ သို့ရာတွင် အလ္လာဟ်အ ရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ 14:27 Burmese translation

Quran infoBurmeseSurah Ibrahim ⮕ (14:27) ayat 27 in Burmese

14:27 Surah Ibrahim ayat 27 in Burmese (البورمية)

Quran with Burmese translation - Surah Ibrahim ayat 27 - إبراهِيم - Page - Juz 13

﴿يُثَبِّتُ ٱللَّهُ ٱلَّذِينَ ءَامَنُواْ بِٱلۡقَوۡلِ ٱلثَّابِتِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۖ وَيُضِلُّ ٱللَّهُ ٱلظَّٰلِمِينَۚ وَيَفۡعَلُ ٱللَّهُ مَا يَشَآءُ ﴾
[إبراهِيم: 27]

အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အား တည်တံ့ခိုင်မြဲသော ဗျာဒိတ်တော်များဖြင့် ဤလောကီဘဝသက်တမ်းနှင့်တမလွန်ဘဝတို့တွင် တည်တံ့မြဲမြံ စေတော်မူ၏။ သို့ရာတွင် အလ္လာဟ်အ ရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အား သူတို့၏ဆန္ဒများနှင့်အညီ လမ်းမှားရောက်စေတော်မူ၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော အရေးကိစ္စအဝအဝကို ပြုလုပ်ဆောင်ရွက်စေတော်မူ၏။

❮ Previous Next ❯

ترجمة: يثبت الله الذين آمنوا بالقول الثابت في الحياة الدنيا وفي الآخرة ويضل, باللغة البورمية

﴿يثبت الله الذين آمنوا بالقول الثابت في الحياة الدنيا وفي الآخرة ويضل﴾ [إبراهِيم: 27]

Ba Sein
၂၇။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့အား ဤဘဝနောင်ဘဝတွင် တည်တ့ံခိုင်မြဲသောဗျာဒိတ်တော်အားဖြင့် အင်အားတောင့်တင်းစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မတရားမှုပြုကျင့်သူတို့ကို မိစ္ဆာလမ်းသို့ ရောက်စေ တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိရာကို စီရင်တော်မူ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား ယင်းတည်တံ့ခိုင်မြဲသောစကားဖြင့် ပစ္စက္ခမျက်မှောက်လောကီဘဝ၌လည်းကောင်း၊ အာခိရတ် တမလွန်ဘဝ၌လည်းကောင်း တည်တံ့မြဲမြံစေတော်မူ၏။ သို့ရာတွင်မတရားသော(ကာဖိရ်) သူတို့ကိုမူကား အလ္လာဟ်အရှင်မြတ်ချွတ်ချော်တိမ်းပါးစေတော်မူ၏။ စင်စစ်မှာကား ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောကိစ္စကို ပြုလုပ်ဆောင်ရွက်တော်မူချေသတည်း။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအား တည်တံ့ခိုင်မြဲ‌သောစကား(ကလိမဟ် ရှဟာဒသ်)နှင့် ဤဘဝတွင်သာမက ‌နောင်ဘဝတွင်ပါ တည်မြဲ‌စေ‌တော်မူသည်။* ၎င်း‌နောက် မတရား‌သောသူများကိုမူ အလ္လာဟ်အရှင်မြတ်သည် လမ်းလွဲ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည်ကို ပြုလုပ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek