Quran with Burmese translation - Surah Ibrahim ayat 33 - إبراهِيم - Page - Juz 13
﴿وَسَخَّرَ لَكُمُ ٱلشَّمۡسَ وَٱلۡقَمَرَ دَآئِبَيۡنِۖ وَسَخَّرَ لَكُمُ ٱلَّيۡلَ وَٱلنَّهَارَ ﴾
[إبراهِيم: 33]
﴿وسخر لكم الشمس والقمر دائبين وسخر لكم الليل والنهار﴾ [إبراهِيم: 33]
Ba Sein ၃၃။ တဖန်အရှင်မြတ်သည် သင်တို့အကျိုးကို ဆောင်ရန် အစဉ်မပြတ်လှည့်ပတ်ဝင်ထွက်နေသောနေနှင့်လကို ဖန်ဆင်း တော်မူ၏။ နေ့နှင့်ညကိုလည်းကောင်း၊ သင်တို့အကျိုးကို ဆောင်ဖို့ရာ စီရင်တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ စန္ဒာ ကိုလည်းကောင်း၊ အမြဲ မပြတ်သွားလာစေလျက် အသင်တို့အကျိုးငှာ လိုက်နာ စေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ညဉ့်ကိုလည်းကောင်း၊နေ့ကိုလည်းကောင်း၊ အသင်တို့အကျိုးငှာ အမိန့်ကို လိုက်နာစေတော်မူခဲ့ပေသတည်း။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်သည် နေနှင့်လကို အမြဲသွားလာစေပြီး အသင်တို့အကျိုးအတွက် လိုက်နာစေတော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်သည် ညနှင့်နေ့ကို အသင်တို့အကျိုးအတွက် အမိန့်နာခံစေတော်မူခဲ့သည်။ |